ဘရက်စ် – PSG (မြန်မာစံတော်ချိန် သြဂုတ်လ ၂၁ ရက် နံနက် ၁:၃၀ နာရီ)
ဒီပွဲမှာ ပထမဆုံးရင်ခုန်ရမှာက PSG အသင်းရဲ့ ကစားသမားသစ် မက်ဆီ ပွဲထွက်ကစားလာမလားဆိုတာပါပဲ။ လက်ရှိ PSG ရဲ့ ကစားပုံ၊ ကစားအားက ယုံကြည်မှုမြင့်တဲ့ အနေအထားမျိုးဖြစ်ပြီး ဒီရာသီမှာ ပြိုင်ပွဲအားလုံးကို အာရုံစိုက်သွားမယ့် အလားအလာမျိုးလည်း မြင်နေရတယ်။ ဘရက်စ်ကတော့ ရာသီအဖွင့် (၂)ပွဲစလုံးကို သရေကစားပြီး သူတို့ရဲ့တုံ့ပြန်နိုင်မှုကို ပြသခဲ့တယ်။ အခုလည်း အိမ်ကွင်းဖြစ်နေတာရော၊ PSG လို ကြယ်ပွင့်တွေနဲ့ အသင်းဆီက အမှတ်ယူလိုတဲ့စိတ်နဲ့ရော အကောင်းဆုံးတုံ့ပြန်ဖို့ ကြိုးစားလာမှာပါ။ ဒါပေမဲ့ နှစ်သင်းအကြား ကွာခြားချက်များပါတယ်။ PSG အနိုင်သေချာတယ်။