PSG – နန့်စ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက် ည ၁၀:၃၀ နာရီ)
နိုင်ငံတကာပွဲစဉ်တွေကြောင့် ကစားသမားတွေ ပွဲပန်းနေနိုင်ပေမဲ့ PSG အတွက် အိမ်ကွင်းမှာ စိုးရိမ်စရာရှိမယ်မထင်ပါ ဘူး။ နန့်စ်တို့ သရေတစ်မှတ်အတွက် ပြင်ဆင်လာနိုင်ပေမဲ့ ပွဲချိန်ပြည့်တောင်ခံကစားဖို့ခက်ပါတယ်။ PSG ပဲ နိုင်ပွဲဆက်မယ်။
ရန်းစ် – မောင့်ပယ်လီယာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၁ ရက် နံနက် ၂:၃၀ နာရီ)
ခြေစွမ်းမာကျောတဲ့အသင်း (၂)သင်းရဲ့တွေ့ဆုံမှုပါ။ လက်ရှိအချိန်မှာတော့ အိမ်ရှင် ရန်းစ်က နောက်ဆုံး (၇)ပွဲဆက် ရှုံးပွဲမရှိဘဲ ခြေပိုမှန်နေတယ်။ အခုပွဲလည်း ရန်းစ်နဲ့ အရဲစွန့်ကြည့်မယ်။