မန်ယူအသင်းတွင် ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာ၏အနာဂတ်နှင့် ပတ်သက်၍ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားနှင့် အသင်းဘုတ်အဖွဲ့တာ ဝန်ရှိသူများအကြား အမြင်ကွဲလွဲနေ ကြကြောင်း ဗြိတိန်သတင်းစာ Mirror ကဖော်ပြခဲ့သည်။
ဆိုးလ်ရှားသည် မန်ယူအသင်း တွင် ပေါ့ဘာကို ဆက်ရှိစေရန် ဆန္ဒရှိ နေပြီး အသင်းအနေဖြင့် ၎င်းင်းအားစာ ချုပ်သစ်ချုပ်ဆိုစေရန် အလိုရှိနေ သည်။ သို့သော် အချို့သော မန်ယူအ သင်းဘုတ်အဖွဲ့တာဝန်ရှိသူများမှာ ပေါ့ဘာ၏ အေးဂျင့်ဖြစ်သူ ရိုင်အိုလာ ၏ တောင်းဆိုမှုများကို သဘောမကျ ဖြစ်နေကြောင်း သိရှိရသည်။ ရိုင်အို လာသည် ပေါ့ဘာအား စာချုပ်သစ်ချုပ် ဆိုမည်ဆိုပါက မန်ယူအသင်းအနေ ဖြင့် တစ်ပတ်လစာငွေ ပေါင် (၄)သိန်း အထိပေးချေရန် တောင်းဆိုနေ ကြောင်း သိရှိရသည်။ သို့ဖြစ်ရာ ပေါ့ ဘာကို စာချုပ်သစ်ချုပ်ဆိုပါက မန်ယူ အသင်းအနေဖြင့် ငွေကြေးများစွာ ထပ်မံရင်းနှီးရမည်ဖြစ်ရာ ဘုတ်အဖွဲ့ ဝင်အချို့က ၎င်းင်းအား စာချုပ်သစ်မ ချုပ်ဆိုတော့ဘဲ လမ်းခွဲရန် ဆန္ဒရှိနေ ကြောင်းသိရသည်။
အထူးသဖြင့် ရီးယဲလ်နောက်ခံ လူ ဗာရန်း၊ ဒေါ့မွန်တောင်ပံတိုက်စစ် ကစားသမား ဆန်ချို တို့ကို ခေါ်ယူရန် ကြိုးစားရာ၌ ငွေကြေးများစွာ ကုန်ကျ ဦးမည်ဖြစ်ရာ ပေါ့ဘာ အတွက် ထပ်မံ အကုန်အကျခံရန် ဆန္ဒမရှိကြောင်း သိရသည်။ ၎င်းင်းအား ပေါင် (၅၅)သန်း ရလျှင်ရောင်းချရန် မန်ယူဘုတ်အဖွဲ့ ဝင်အချို့ကဆန္ဒရှိနေသည်။