အင်္ဂလန်အသင်း၏ တိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီက ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာသည် ယူရို-၂၀၂၀ ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားတစ်ဦးဟု The Sunday Times သတင်းစာတွင် သုံးသပ်ရေးသားခဲ့သည်။
ပြင်သစ်အသင်း ပြိုင်ပွဲမှ မထွက်ခွာရမီအထိ ပေါ့ဘာသည် ကြယ်ပွင့်တစ်ဦးဖြစ်ခဲ့ကြောင်းလည်း ရွန်နီက ဆိုခဲ့သည်။
ရွန်နီက ”လူအတော်များများလိုပဲ ကျွန်တော်လည်း ပြင်သစ်အသင်းကို ချန်ပီယံဖြစ်စေချင်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတဲ့အတွက် တော်တော်စိတ်ပျက်မိပါတယ်။ ပေါ့ဘာအတွက်တော့ သိက္ခာကျစရာဖြစ်ပြီး သူက ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးတစ်ယောက်ပါ။ ဘန်ဇီမာနဲ့ ဘာပေအတွက် အကောင်းစားပေးပို့မှုတွေ လုပ်ခဲ့တာပါ။ သူနဲ့ ပိုလိုက်ဖက်တဲ့နေရာမှာ ကစားရတာကြောင့်လည်း ပိုကောင်းခဲ့တယ်လို့ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့ပြင် ရွန်နီက မန်ယူအသင်းသည် ပေါ့ဘာကို ပြင်သစ်အသင်းတွင် ကစားရသည့် နေရာမျိုးပေးပြီး အသုံးပြုသင့်သည်ဟုလည်း အကြံပြုခဲ့သည်။