ဥရောပ ရဲ့ နာမည်ကြီး အေးဂျင့် တစ်ဦး ဖြစ်တဲ့ မီနို ရိုင်အိုလာဟာ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ RB လက်ပ်ဇစ် အသင်းတို့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အဆုံးအဖြတ် ပွဲစဉ် ကစားကြမယ့် ရက်စွဲ မတိုင်မီ သူ့ရဲ့ ကစားသမားဟာ အိုးလ် ထရပ်ဖိုဒ်မှာ မပျော်ရွှင်တော့ကြောင်း ပြောကြားခဲ့ပါ သေးတယ် ။
ဒါ့အပြင် သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘဝ ကလည်း ကုန်ဆုံး သွားပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ခြင်းဖြင့် ပြင်သစ် လက်ရွေးစင်ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်း ပြောင်းရွှေ့ သွားဖို့ ရှိနေကြောင်း အရိပ်ပြ သွားခဲ့လိုက်ပါ သေးတယ် ။
အဲ့ဒီနောက် ယူနိုက်တက်တို့ လက်ပ်ဇစ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပေါ့ဂ်ဘာဟာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခွင့် မရရှိခဲ့ ပါဘူး ။ ဒါ့အပြင် ဒုတိယပိုင်း မှာလည်း ဆိုးလ်ရှား က ဗန်ဒီ ဘိခ် ကိုသာ အရင်ဆုံး လူစားလဲ ခဲ့ပြီး ပွဲချိန် 61 မိနစ် ရောက်မှ ပေါ့ဂ်ဘာကို လူစားဝင် ကစား စေခဲ့တာပဲ ဖြစ်ပါတယ် ။
ထို့အတူ ပေါ့ဂ်ဘာဟာလည်း အသင်း အတွက် နှစ်ပွဲဆက် ဂိုးသွင်းယူ နိုင်ခဲ့ပေမယ့် ယူနိုက်တက် တို့ဟာ လက်ပ်ဇစ် အသင်းကို 3 – 2 ဆိုတဲ့ ရလဒ် နဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့် သွားခဲ့ ရပြီး ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရမှုကြောင့် အိမ်ပြန်စော သွားခဲ့ရ ပါတယ် ။
အခုတော့ ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ ပီတာ ခရော့ချ်က မန်ချက်စတာ ယူနိုက်တက် ကစားသမား တွေ အနေနဲ့ ဒီလို ဖြစ်ပွားခဲ့တဲ့ အတွက် ပေါ့ဂ်ဘာ အပေါ်မှာ စိတ်ဆိုး ဒေါသထွက် ရမှာ ဖြစ်ပေမယ့် လက်တွေ့မှာတော့ သူတို့ တွေဟာ ပျော်ပျော်ရွှင်ရွှင် နောက်ပြောင် နေပုံ ပေါ်နေခဲ့ ကြတယ် လို့ ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။
ဒါ့အပြင် အခုလို စကားမျိုးဟာ အရေးကြီး ပွဲစဉ် မတိုင်မီ အချိန်ကိုက် ဆိုသလို ထွက်ပေါ် လာခဲ့ ရတာ ဖြစ်ပြီး အသင်းရဲ့ ရလဒ် အပေါ် အနှုတ် လက္ခဏာ ဆောင်တဲ့ သက်ရောက်မှု ပေးစွမ်းခဲ့ ပေမယ့် ယူနိုက်တက် အသင်းရဲ့ အဝတ်လဲခန်း ကတော့ ရွိုင်အိုလာ ရဲ့ စကားတွေကို လျစ်လျူရှုခဲ့ကြောင်း ခရော့ချ် က ဆက်လက် ပြောကြား သွားခဲ့လိုက် ပါတယ် ။
” ဒီမှာ လူတွေ အများကြီးဆီက ကျွန်တော် ကြားခဲ့ ရတာက ပေါ့ဂ်ဘာဟာ ယူနိုက်တက် ကစားသမား စာရင်း ၊ အဝတ်လဲခန်း ထဲမှာ အတော်လေး လူချစ်လူခင် များတယ် ဆိုတာ ပါပဲ ။ နောက်ပြီးတော့ သူဟာ လေ့ကျင့်ရေးကွင်းထဲမှာလည်း ဘယ်တော့မှ ပြသနာ မဖြစ်ပဲ သူ့ အလုပ်ကိုပဲ ဆက်တိုက် လုပ်ဆောင် နေခဲ့တယ် ဆိုတာမျိုးပါ ကျွန်တော် ကြားခဲ့ရ ပါတယ် ”
” ဒါ့ကြောင့် သူဟာ အသင်းမှာ အသင်းဖော် တွေနဲ့ ပြသနာတွေ ဖြစ်နေ လိမ့်မယ်လို့ ကျွန်တော်တော့ လုံးဝ မမျှော်လင့်ထား ပါဘူး ။ အဲ့တာ တွေထက် သူဟာ အသင်းဖော် တွေနဲ့ အတူ နောက်ပြောင် ကျီစယ် နေခဲ့တာကိုပဲ ကျွန်တော် အမြဲတမ်းလို မြင်တွေ့ နေခဲ့ရ ပါတယ်
” ကစားသမားတွေ အနေနဲ့ တစ်စုံတယောက်ရဲ့ အေးဂျင့်က မီဒီယာ အထက်မှာ ဘာတွေကို ပြောသွားခဲ့လဲ ဆိုတဲ့ အပေါ် ဂရုမစိုက်ကြပါဘူး ။ ပြသနာ ဆိုတာက ကစားသမား ကိုယ်တိုင်က ဘာမှ မလုပ်ပဲ လက်နက်ချလိုက် သလို အလျော့ပေး လိုက်မယ် ၊ အသင်းဖော် တွေကို မလေးမစား ဆက်ဆံမယ် ၊ လေ့ကျင့်ရေး အစီအစဉ် တွေမှာ အချိန်မှာ မလာတော့ဘူး ဆိုတာတွေ ပါပဲ ”
” အကယ်လို့ ပေါ့ဂ်ဘာဟာ အသင်းနဲ့ ပြသနာ ရှိနေခဲ့မယ် ဆိုရင် အဲ့တာတွေကို လုပ်ဆောင် သွားခဲ့မှာပါ ။ အကယ်လို့ အသင်း ရဲ ကစားသမား တစ်စုံတစ်ယောက်က အဲ့ဒီလို စည်းကမ်း တွေကို ဖောက်ဖျက် ခဲ့မယ် ဆိုရင်တော့ ခွင့်လွှတ် ပေးဖို့ အရမ်းပဲ ခက်ခဲ သွားပါ လိမ့်မယ် ” လို့ ပီတာ ခရော့ချ် က သုံးသပ် သွားခဲ့လိုက် ပါတယ် ။