spot_img

ပေါ့ဂ်ဘာ ဆက်လက် တောက်ပနိုင်ခဲ့ ပြန်တဲ့ ယူနိုက်တက်ရဲ့ အဖိုးတန် နိုင်ပွဲမှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် 5 ချက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ ပရီးမီးယားလိဂ် ရဲ့ ရာသီဝက် ပွဲစဉ် အဖြစ် ခရာဗန် ကော့တေ့ဂျ် ကွင်းထဲမှာ ဖူလ်ဟမ် အသင်းနဲ့ အဝေးကွင်း ပွဲစဉ် ကစားခဲ့ ရပြီး 1 – 2 ဆိုတဲ့ ရလဒ် နဲ့ အတူ အဖိုးတန် နိုင်ပွဲကို ပိုင်ဆိုင် သွားနိုင်ခဲ့ ပါတယ် ။

ဒီပွဲ မှာတော့ ပွဲချိန် 5 မိနစ် ကတည်းက ဖူလ်ဟမ် အသင်း အတွက် တိုက်စစ် ကစားသမား ဖြစ်သူ လွတ်ခ်မန်း က ဦးဆောင်ဂိုး သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ပွဲချိန် 21 မိနစ် မှာပဲ ဂိုးသမားရဲ့ ကာကွယ်မှုက လျှံထွက် လာခဲ့တဲ့ ဘောလုံးကို ကာဗာနီ က ပိတ်သွင်းပြီး ခြေပ သွားနိုင်ခဲ့ ပါတယ် ။

myan789

အဲ့ဒီနောက် ပွဲချိန် 65 မိနစ်မှာ အဝေး ကန်ချက် နဲ့ အတူ ပေါ့ဂ်ဘာ က ယူနိုက်တက် အတွက် ဦးဆောင်ဂိုး သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။ အဲ့ဒီနောက် ပွဲစဉ်က အဆိုပါ ရလဒ်နဲ့သာ ပြီးဆုံး သွားခဲ့ ရပြီး နောက်က လိုက်ကစားခဲ့ရတဲ့ ယူနိုက်တက် တို့လည်း အဝေးကွင်း နိုင်ပွဲ ရယူ သွားနိုင်ခဲ့ကြ ပါတယ် ။

ဒီနိုင်ပွဲကြောင့် ယူနိုက်တက် တို့ဟာ ပွဲစဉ် မတိုင်မီ တုန်းက အမှတ်ပေး ဇယားကို ဦးဆောင်နေခဲ့တဲ့ မန်စီးတီး ၊ လက်စတာ စီးတီး အသင်း တွေကို ကျော်ဖြတ်ပြီး ရာသီဝက် ချန်ပီယံ ဖြစ်ခဲ့ကြ ပါတယ် ။ အဆိုပါ ပွဲစဉ်မှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် 5 ချက်ကို ဖော်ပြ ပေးလိုက် ပါတယ် ။

(1) ယူနိုက်တက် အတွက် ပွဲ 50 ပြည့်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းဆီ စတင် ရောက်ရှိ ကတည်းက ပွဲတိုင်းနီးပါး ပွဲထွက် ကစားခွင့်၊ ပါဝင် ကစားခွင့် တွေကို ပိုင်ဆိုင် ထားခဲ့ ရတဲ့ ကွင်းလယ်လူဟာ ဒီနေ့တော့ အသင်း အတွက် 50 ပြည့်မြောက်တဲ့ အမှတ်တရ ပွဲစဉ် ပိုင်ဆိုင် သွားခဲ့ ပါတယ် ။

ဒါပေမယ့် အမှတ်တရ ပွဲစဉ်မှာ အမှတ်တရ ဂိုးသွင်းခြင်း ၊ ဖန်တီးခြင်း မပြုလုပ် နိုင်ခဲ့ ပါဘူး ။ သူဟာ ဂိုးပေါက် ခြိမ်းခြောက်မုှ အချို့ လုပ်ဆောင်ခဲ့ ပေမယ့် တိုင်ထိမှန် ခဲ့မှု ၊ ပြိုင်ဖက် ဂိုးသမား ကာကွယ်မှု တွေကြောင့် ပွဲကောင်း တစ်ပွဲ ပိုင်ဆိုင်ဖို့ ရုန်းကန်ခဲ့ရ ပါတယ် ။

(2) အဝေးကွင်း ဂိုးပေး ၊ ပြန်နိုင် ပွဲစဉ် ပိုင်ဆိုင်ခဲ့ပြန်တဲ့ ယူနိုက်တက်

ဒီနှစ် ဘောလုံး ရာသီ မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဝေးကွင်းမှာ ပြိုင်ဖက် အသင်းတွေကို အဖွင့်ဂိုး ပေးခဲ့ ရပြီး နောက်ကလိုက် ကစားခဲ့ ရတဲ့ ပွဲစဉ်တွေ အတော်လေး ပိုင်ဆိုင် ထားခဲ့ ပါတယ် ။ အဲ့ဒီလို ပွဲစဉ် တိုင်းမှာ ယူနိုက်တက်တို့ အနိုင် ကစား နိုင်ခဲ့တာချည်း ပါပဲ ။

အခုလည်း ဖူလ်ဟမ် အသင်းကို ယူနိုက်တက် တို့ဟာ ပွဲချိန် 5 မိနစ် ကတည်းက ဂိုးပေးခဲ့ ရပြီး ကာဗာနီ ၊ ပေါ့ဂ်ဘာ တို့ရဲ့ ဂိုး တွေနဲ့ အတူ ပြန်လည် အနိုင်ယူ နိုင်ခဲ့ ပါတယ် ။ ဒါဟာ ယူနိုက်တက် အတွက် ဒီရာသီ 6 ပွဲမြောက် အဖွင့်ဂိုးပေး ၊ come back နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဖြစ်သွားခဲ့ ပါတယ် ။

(3) နေရာပြောင်း ကစားပြီး တောက်ပခဲ့ ပြန်တဲ့ ပေါ့ဂ်ဘာ

ပေါ့ဂ်ဘာဟာ ယူနိုက်တက်တို့ လီဗာပူး အသင်းကို ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ် တုန်းက ညာ တောင်ပံ တိုက်စစ် ကစားသမား အဖြစ် ကစား ခဲ့ရ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာတော့ သူဟာ အကောင်းဆုံး မတောက်ပ နိုင်ခဲ့ ပါဘူး ။ ဒါပေမယ့် အတော်အသင့် ခြေစွမ်း ပြနိုင်ခဲ့ ပါတယ် ။

ဒီနေ့ ပွဲစဉ် မှာတော့ သူဟာ ကွင်းလယ် ခံစစ် ကစားသမား အဖြစ် ပွဲစဉ်ကို စတင် ကစားခဲ့ ရပြီး ဒီနေရာမှာ ကစားတဲ့ အခါတိုင်း စည်းကမ်း သေဝပ်စွာ မကစား နိုင်ကြောင်း အဝါကဒ် နဲ့ သက်သေပြသွားနိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ပွဲချိန် ဒုတိယပိုင်း မှာတော့ သူဟာ အားသန်တဲ့ ကွင်းလယ် တိုက်စစ် နေရာမှာ ကစားခဲ့ရ ပါတယ် ။ ဒီလို ကစားရတဲ့ အချိန်မှ ပေါ့ဂ်ဘာဟာ စိတ်ကြိုက် ဖန်တီး ၊ ဂိုးပေါက် ကန်သွင်းမှု တွေကို လုပ်ပြ နိုင်ခဲ့ပြီး လှပတဲ့ အနိုင်ဂိုး သွင်းယူ ပေးနိုင်ခဲ့ ပါတယ် ။

(4) မမောဘူးလား ကာဗာနီ ?

ယူနိုက်တက် အသင်းရဲ့ ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူးသစ် ဖြစ်တဲ့ အီဒင်ဆန် ကာဗာနီဟာ ဒီနေ့ပွဲမှာ အသင်းအတွက် ပွဲထွက် ကစားခွင့် ပြန်လည် ပိုင်ဆိုင် သွားနိုင်ခဲ့ပါတယ် ။ သူဟာ အသက် 33 နှစ် ရှိနေခဲ့ ပါပြီ ။ ဒါပေမယ့် ကွင်းထဲ လှုပ်ရှား ကစားပုံ တွေက ကြောက်စရာ ကောင်းခဲ့ ပါတယ် ။

သူဟာ အသက်အရွယ် နဲ့ မညီတဲ့ အလန်းစား ကစားအား တွေကို ပြသ နိုင်ခဲ့ပြီး ပြိုင်ဖက် ခံစစ် ကစားသမား တွေကို အထူး ဒုက္ခ ပေးနိုင်ခဲ့ ပါတယ် ။ သူဟာ အသင်း အတွက် တိုက်စစ် ၊ ကွင်းလယ် မှာသာမက လိုအပ်တဲ့ အခါ ခံစစ်ပိုင်းပါ မကြာခန ဆင်းကူ ပေးခဲ့ရင်း ပါးနပ်စွာနဲ့ ခြေပဂိုးကို သွင်းယူ ပေးနိုင်ခဲ့ ပါတယ် ။

ဒါဟာ ပုံစံကောင်းတွေ ပျောက်ဆုံး နေခဲ့ ကြတဲ့ မာရှယ် ၊ ရပ်ရှ်ဖို့ နဲ့ ဂရင်းဝုဒ်တို့ အတွက်တော့ လေ့လာ အတုယူ ၊ ပညာသင်ချင်စရာ အရည်အသွေး ကောင်းတွေ ပါပဲ ။ သူ့ရဲ့ နေရာယူမှု ၊ ပြေးလွှား နေမှု တွေက ကာဗာနီ မမောဘူးလားလို့ မေးချင်စရာတောင် ဖြစ်ခဲ့ရ ပါတယ် ။

(5) ဖူလ်ဟမ် အတွက် မျှော်လင့်ချက်

ဖူလ်ဟမ် တို့ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ မရင်ဆိုင်မီ တုန်းက အမှတ်ပေး ဖလား ပြိုင်ပွဲမှာ 7 ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးတဲ့ အသင်း ဖြစ်ခဲ့ကြ ပါတယ် ။ အခုတော့ နောက်ထပ် ရှုံးပွဲ တစ်ပွဲ နဲ့ အတူ 8 ပွဲဆက် အထိ နိုင်ပွဲ ပျောက်ဆုံး သွားခဲ့ကြ ပါပြီ ။

အခုတော့ ဖူလ်ဟမ် တို့ဟာ တန်းဆင်းဇုန်ထဲ ရှိနေခဲ့ကြ ပါပြီ ။ ဒါပေမယ့် ယူနိုက်တက် နဲ့ ပွဲမှာတော့ သူတို့ရဲ့ ကစားပုံ တွေက အရမ်းကို အားရစရာ ကောင်းခဲ့ ပါတယ် ။ နောက်ပွဲ တွေမှာတော့ သူတို့ဟာ အမှတ်ပေး ဇယား အနားမှာ ရှိနေတဲ့ ဘန်လေ ၊ ဘရိုက်တန် ၊ ဝက်စ် ဘရွန်း အသင်း တွေနဲ့ ကစားရပါတော့မယ် ။

ဒီလိုသာ ဆက်လက် ကစားပေး နိုင်မယ် ဆိုရင်တော့ ဖူလ်ဟမ် တို့ဟာ အဖိုးတန် နိုင်ပွဲ တွေနဲ့ အတူ တန်းဆင်းဇုန်မှ လွတ်မြောက် နိုင်မယ် ဆိုတဲ့ မျှော်လင့်ချက် တွေကို ပိုင်ဆိုင် သွားကြမှာပဲ ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular