ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်သည် ”ပူတင်၏လူများ”ဟု အမည်ရသော စာအုပ်အားဒေါသထွက်နေပြီး ယင်းစာအုပ်နှင့်ပတ်သက်သူအချို့ကို တရားစွဲဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။
ယင်းစာအုပ်မှာ စာရေးဆရာမ ကက်သရင်းဘယ်လ်တန်က ရေးသားပြီး ဟာပါးကောလင်းစာအုပ်ထုတ်ဝေရေးမှ ထုတ်ဝေသည့်စာအုပ်ဖြစ်သည်။
ယင်းစာအုပ်ထဲတွင် လက်ရှိရုရှားသမ္မတ ပူတင်အား အထောက်အပံ့ပေးသောသူများအကြောင်းကို အကျယ်တဝင့်ရေးသားထားပြီး ပူတင်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသူ အေဘရာမိုဗစ်ချ်၏အကြောင်းအရာများလည်း ပါဝင်ခဲ့သည်။