spot_img

ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက်ရမှသာ ချယ်လ်ဆီးအသင်းသို့ စတာလင် ပြောင်းရွှေ့ဖွယ်ရှိ

မန်စီးတီးတိုက်စစ်ကစားသမား စတာလင်သည် ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက်ရမှသာ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

အသက် ၂၇ နှစ်အရွယ်ရှိ အင်္ဂလန် လက်ရွေးစင်တိုက်စစ်ကစားသမား စတာလင်သည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီက မန်စီးတီးအသင်းတွင် ပြိုင်ပွဲစုံ ၄၇ ပွဲအထိ ကစားခွင့်ရခဲ့သော်လည်း ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်ခဲ့ရခဲ့သည်။

myan789

၎င်းသည် ရီးယဲလ်အသင်းနှင့်ကစားခဲ့သည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် နှစ်ပွဲစလုံးတွင် လူစားဝင်အဖြစ်သာ ကစားခွင့်ရခဲ့သည်။ ထို့ကြောင့် စတာလင်သည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာလိုနေပြီး ၎င်းကိုခေါ် ယူရန် ချယ်လ်ဆီးအသင်းက ပစ်မှတ်ထား နေကြောင်း သိရသည်။

မန်စီးတီးအသင်းသည် အသင်းနှင့် ၂၀၂၃ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် အင်္ဂလန်တိုက်စစ်ကစားသမား စတာ လင်ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်လိုခြင်းမရှိသဖြင့် ယခုနွေရာသီတွင် ရောင်းထုတ်ရန်စီစဉ်နေပြီး ပေါင်သန်း ၆၀ ဝန်းကျင် အလိုရှိနေကြောင်း သိရှိရသည်။

ချယ်လ်ဆီးအသင်းသည် စတာလင်အတွက် မန်စီးတီးအသင်း တောင်းဆိုသည့် ပေါင်သန်း ၆၀ ကို ပေးချေရန် အသင့်ရှိနေသော်လည်း ကစားသမားကမူ ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက်ရရန် အလိုရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။

စတာလင်သည် မန်စီးတီးအသင်းအတွက် ခုနစ်ရာသီအတွင်း ပြိုင်ပွဲစုံ ၃၃၉ ပွဲကစားရာတွင် ၁၃၁ ဂိုး သွင်းယူပေးထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular