spot_img

ပုံမှန်ခြေစွမ်းပြန်ရဖို့ ဘာလုပ်ရမလဲဆိုတာ အမ်ဘာပေကို အကြံပေးလာတဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီက ယနေ့နံနက်က လီဗာပူးကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရတဲ့အပြင် ပင်နယ်တီပါလွဲချော်ခဲ့တဲ့ အသင်းရဲ့စူပါစတားတိုက်စစ်မှူး ခီလီယန်အမ်ဘာပေကို ပုံမှန်ခြေစွမ်းရဖို့ ဘာလုပ်ရမယ်ဆိုတာ အကြံပေးပြောကြားလာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ လီဗာပူးဘက်ကမှ မိုဟာမက်ဆာလက်လည်း ပင်နယ်တီလွဲချော်ခဲ့သေးပေမယ့် အန်းစလော့ရဲ့အသင်းဟာ မက်အလစ္စတာ၊ ကိုဒီဂတ်ပို့တို့ရဲ့သွင်းဂိုးတွေနဲ့အတူ အန်ဖီးလ်မှာ အနိုင် ၃ မှတ်ကို ဆက်လက်ပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။

myan789

အမ်ဘာပေဟာ ပင်နယ်တီအခွင့်အရေးကို ဖြုန်းတီးပစ်ခဲ့ရုံမက ကစားပုံလည်း ဆိုးရွားခဲ့တာဖြစ်ပြီး ဘောလုံးပေးပို့မှုတွေပါ လွဲချော်ခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းရဲ့လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ တောင်ပံတိုက်စစ်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်မှာ အတော်လေးရုန်းကန်နေရပြီး စက်တင်ဘာလအကုန်ကနေ အခုချိန်အထိ ၂ ဂိုးသာသွင်းယူထားနိုင်တာဖြစ်ပါတယ်။

ယခုအခါမှာတော့ အန်ဆယ်လော့တီက “ဂိုးသွင်းဖို့ရုန်းကန်ရတယ်ဆိုတာ တိုက်စစ်မှူးတွေ ကြုံတွေ့နေကျပြဿနာပါ။ ဒါကိုဖြေရှင်းနိုင်တဲ့ဆေးရှိပါတယ်။ အဲဒါကတော့ စိတ်ရှည်ဖို့ပါပဲ။ အခုချိန်က အမ်ဘာပေအတွက် အတော်လေးခက်ခဲနေမယ့်အချိန်ပါ။ အထူးသဖြင့် ပင်နယ်တီပါလွဲချော်ထားတာဆိုတော့ ပိုဆိုးမှာပါပဲ။ အသင်းဖော်တွေသူ့ကို အားပေးကြဖို့လိုပါတယ်။ သူဟာ ယုံကြည်မှု ပျောက်ဆုံးနေတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပင်နယ်တီလွဲတဲ့အတွက်တော့ သူ့ကို ဘယ်သူမှအပြစ်တင်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ကစားသမားတိုင်း ပင်နယ်တီလွဲကြလို့ပါပဲ။ စိတ်ရှည်ရှည်နဲ့ ရိုးရိုးရှင်းရှင်းကစားနေဖို့ပဲလိုပါတယ်။ သူက အရမ်းကောင်းတဲ့ကစားသမားတစ်ယောက်ပါ” လို့ပြောကြားခဲ့ပါတယ်။

Kylian Mbappe struggled and missed a penalty in this morning's 2-0 Champions League loss to Liverpool

ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာတော့ အမ်ဘာပေဟာ လာလီဂါပွဲစဉ် ၄ ပွဲကစားရာမှာ ၅ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် ပုံမှန်ခြေစွမ်းပြန်လည်ရရှိပြီလို့ ယူဆခဲ့ကြပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာတော့ ပြင်သစ်သားဟာ ဂိုးပေါက်ပြန်လည်ပျောက်ဆုံးလာပြီး ခြေစွမ်းပိုင်းပါ ကျဆင်းလာခဲ့ပါတယ်။
ဘယ်တောင်ပံနေရာမှာ အားသန်တဲ့ အမ်ဘာပေဟာ ဗင်နီစီးယက်စ်ဂျူနီယာကြောင့် လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်အတွက် နံပါတ် ၉ နေရာမှာ ပြောင်းလဲကစားပေးနေရတာလည်းဖြစ်ပါတယ်။ ကစားသမားဟာ ဂိုးပေါက်ရှေ့မှာ အတော်လေးရုန်းကန်နေရပြီး ဂိုးပေါက်တည့်တဲ့ကန်ချက်တွေတောင် ပုံမှန်ပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။

ဆက်လက်ပြီး အန်ဆယ်လော့တီက “အခြားသူတွေလိုပဲ သူလည်းတိုက်ခိုက်နေတာပါပဲ။ ပစ်မှတ်ကိုထိတဲ့ကန်ချက်တွေတော့ သေချာမပြုလုပ်နိုင်ခဲ့ပါဘူး။ ပင်နယ်တီလည်း လွဲထားတော့ သူ့အနေနဲ့ အားပေးမှုကို လိုအပ်နေမှာပါ။ ဒီလိုပွဲမျိုးမှာ ပင်နယ်တီလွဲတယ်ဆိုတာ ကစားသမားတစ်ယောက်အတွက် အတော်လေးခက်ခဲမှာပါပဲ။ ဒါပေမယ့် ပြီးခဲ့တာတွေကို ထားခဲ့ဖို့လိုပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
လီဗာပူးကိုရှုံးနိမ့်ခဲ့တာကြောင့် ရီးရဲလ်မက်ဒစ်ဟာ ချန်ပီယံလိဂ်မှာ ရှုံးပွဲ ၃ ပွဲအထိကြုံတွေ့ထားရပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၂၄ နေရာကို ကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိချန်ပီယံအနေနဲ့ နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့တောင် ရုန်းကန်သွားရတော့မှာဖြစ်ပြီး ချန်ပီယံဆုကို ကာကွယ်နိုင်ပါ့မလား သံသယဝင်စရာဖြစ်လာခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular