spot_img

ပီအက်စ်ဂျီ က စာချုပ်သစ် ကမ်းလှမ်းထားတဲ့ အပေါ်မှာ အလေးအနက်ထား စဉ်းစားနေတယ်လို့ ရင်ဖွင့်လာတဲ့ အမ်ဘာပေ

2021 ခုနှစ် အတွင်းကို ရောက်ရှိလာတာ နဲ့ အမျှ ကမ္ဘာ့အကောင်းဆုံး တိုက်စစ် ကစားသမား နှစ်ယောက် ကို ဆက်လက် ထိန်းထားနိုင်ဖို့ မျှော်လင့်ထားတဲ့ ပီအက်စ်ဂျီ ရဲ့ အိပ်မက်တွေဟာလဲ တဖြေးဖြေး ဖိအားတွေ ဝင်လာနေပါတယ်။

အသက်အရွယ် အရ နေမာ ဟာ အသင်းပြောင်း ကစားဖို့ ဖြစ်နိုင်ချေ နည်းသွားပြီ ဖြစ်လို့ ၊ စာချုပ်သစ် မှာပဲ လက်မှတ်ရေးထိုးမယ်လို့ မျှော်လင့်ရပေမယ့် ၊ အခုမှ 22 နှစ်သာ ရှိသေးတဲ့ ဘာပေ ကတော့ အနာဂတ် နဲ့ ပတ်သက်ပြီး အလေးနက်ထား စဉ်းစားနေပါတယ်။

myan789

အထူးသဖြင့် ကာလရှည် ချုပ်ဆိုကြမယ့် စာချုပ်မျိုးမှာ လုပ်ခ လစာ နဲ့ ဘောနပ်ကြေးတွေထက် ၊ အောင်မြင်မှု အတွက် ဘယ်လောက်အထိ အာမခံချက် ပေးနိုင်မလဲ ဆိုတဲ့ မေးခွန်းက ဘာပေ ရဲ့ အတွေးကို လွှမ်းမိုးလျှက် ရှိနေပါတယ်။

လက်ရှိ အချိန်မှာ ဘာပေဟာ ပြင်သစ် ပြည်တွင်းဖလားတွေ အားလုံးကို ဆွတ်ခူးထားဖူးပြီ ဖြစ်သလို ၊ လက်ရွေးစင် အသင်းနဲ့လဲ ကမ္ဘာ့ဖလားကြီးကို ဆွတ်ခူးထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် သူ့ရဲ့ နောက်ထပ် ပစ်မှတ်တွေဟာ ချန်ပီယံလိဂ်ဖလား ၊ ဘလွန်းဒီအော်ဆု နဲ့ အခြားသော တစ်ဦးချင်း ထူးခွျှန် ဆုတံဆိပ်တွေကို ရယူဖို့ ဖြစ်နေပါတယ်။

ဒီမျှော်လင့်ချက်တွေ ကို ပီအက်စ်ဂျီ ရဲ့ စီမံကိန်းတွေ က အပြည့်အ၀ အကောင်အထည် ဖော်ပေးနိုင်ပါ့မလား ဆိုတဲ့ အချက်ဟာ လက်ရှိ ဘာပေ ရဲ့ အတွေးမှာ နေရာအများဆုံး ရယူထားပါတယ်။ ဒါ့အပြင် အခြား နယ်ပယ်သစ် တစ်ခုက စိန်ခေါ်မှုသစ်တွေ ၊ အောင်မြင်မှုသစ်တွေ ကို ရှာဖွေမယ် ဆိုရင်လဲ လက်ရှိ အချိန်မှာ ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ရမှတ်ရတော့မှာပါ။

ဘာပေ ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတဲ့ အသင်းတွေ က လက်ရှိ ပရီးမီးယားလိဂ် မှာ တိုက်စစ် ပြသနာတွေ ဆက်တိုက် ရင်ဆိုင်နေရတဲ့ လီဗာပူး နဲ့ ရလာဒ်တွေ ဆက်တိုက် ဆိုးဝါးနေတဲ့ လာလီဂါက ရီးရဲ မက်ဒရစ်တို့ ဖြစ်ပါတယ်။

လီဗာပူး ဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်အတွဲကို ပိုင်ဆိုင်ထားသည့်တိုင်အောင် ဂိုးမိုးတွေ ဆက်တိုက် ခေါင်နေသလို ၊ မိုဆာလတ် ကလဲ စာချုပ်သစ် လိုချင်တဲ့ အကြောင်း စာတစ်ညွှန်းညွှန်း ချိုးလျှက် ရှိနေတာပါ။

ရီးရဲ မက်ဒရစ် ကတော့ ဘန်ဇီးမား ခြေစွမ်း မပြရင် ဂိုးရဖို့ ရုန်းကန်ရတဲ့ အဆင့်မျိုးတောင် ရောက်ရှိနေသလို ၊ ပြင်သစ်သား ရဲ့ အကျပိုင်း ရောက်လာတဲ့ စွမ်းဆောင်ရည်တွေကြောင့် သွေးသစ်လောင်းဖို့ စိတ်ကူးနေပါတယ်။

ဘာပေ ကိုယ်တိုင်လဲ ရီးရဲ မက်ဒရစ်ဟာ သူ့ရဲ့ အိပ်မက်ထဲက ကလပ်တစ်ခု ဖြစ်တဲ့ အကြောင်း ခဏခဏ ထုတ်ဖော် ပြောဆိုခဲ့ဖူးသလို ၊ ဥက္ကဌကြီး ပီရက် ကိုယ်တိုင်က အချိန်တန်ရင် ဘာပေ ကို ခေါ်ယူပေးမယ့် အကြောင်း အကြိမ်ပေါင်း များစွာ ပြောဆိုခဲ့ဖူးသူပါ။

သို့သော် လက်ရှိ ဘာပေ ရဲ့ စာချုပ်သစ် ကိစ္စ ဆွေးနွေးမှုတွေ တရားဝင် အသံထွက်နေသည့်တိုင်အောင် ၊ လီဗာပူး ဘက်ကရော ၊ ရီးရဲ မက်ဒရစ် ကပါ တရားဝင် ချဉ်းကပ်တဲ့ သတင်းမျိုးတွေ ပေါ်ထွက်လာခြင်း မရှိသေးပါဘူး။

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ မွန့် ပယ်လေယာ နဲ့ ပွဲမှာတော့ ဘာပေ ဟာ 2 ဂိုး အထိ သွင်းယူ ပြခဲ့သလို ၊ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီးလဲ အခုလို ပွင့်ပွင့်လင်းလင်း ချပြသွားခဲ့ ပါတယ်။

“ ကျနော်တို့ အကြားမှာ စာချုပ်သစ် နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေရှိနေပါပြီ။ တစ်ချိန်တည်းမှာ ရေရှည်တည်ဆောက်မယ့် စီမံကိန်း တစ်ခု ချပြပေးဖို့လဲ တောင်းဆိုထားပါတယ်။

ကျနော့် ဘက်က ပြောထားတာက စာချုပ်သစ် ကိစ္စ အပေါ် အလေးနက်ထားပြီး စဉ်းစားနေတယ် ဆိုတာပါ။

တကယ်လို့ စာချုပ်သစ် ချုပ်ဖြစ်မယ် ဆိုရင်လဲ ကာလရှည် စာချုပ်မျိုးကို ချုပ်ကြမှာလေ။

ဒီကလပ်မှာ အမြဲတမ်း ပျော်ရွှင်ခဲ့သလို ၊ အခုထိလဲ ပျော်နေဆဲပါ။ ပရိသတ်တွေကြောင့်ရော ၊ ကလပ် အသင်းဘက်ကပါ အများကြီး ပံ့ပိုးပေးခဲ့ကြတဲ့ အတွက် အရမ်းကို ကျေနပ်မိပါတယ်။ ဒါပေမယ့် ကျနော် လောလောဆယ် စဉ်းစားနေတာက လာမယ့်နှစ်တွေ အတွင်းမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတဲ့ အကြောင်းနဲ့ ၊ ကျနော် ကိုယ်တိုင်ရော ဘယ်နေရာမှာ ရောက်နေချင်တာလဲ ဆိုတာတွေပါ။

ဒီအကြောင်းအရာတွေ နဲ့ ပတ်သက်ပြီး မကြာခင်မှာ အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်ဖို့ လိုအပ်နေပါပြီ။

အခု ကတည်းက ဆုံးဖြတ်ထားပြီးပြီ ဆိုရင်တော့ ၊ ချက်ခြင်း အဖြေပေးလိုက်လို့ ရတာပေါ့ဗျာ။

ကျနော့် ဘက်က စာချုပ်သစ် မချုပ်ချင်ဘူး ဆိုရင်လဲ တစ်နှစ်လောက် ဆက်နေပြီးမှ ထွက်သွားမှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular