spot_img

ပီယာလိုကို ရာထူးမှထုတ်ပယ်ပြီး နည်းပြဟောင်း အယ်လီဂရီကို ပြန်လည်ခန့်အပ်ရန် ဂျူဗင်တပ်စ်အသင်း သဘောတူညီမှုရခဲ့ပြီဟု သတင်းထွက်

ဂျူဗင်တပ်စ်အသင်းသည် လက်ရှိနည်းပြ ပီယာလိုကို ရာထူးမှ ထုတ်ပယ်ပြီး နည်းပြဟောင်း အယ်လီဂရီကို ပြန် လည်ခန့်အပ်ရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဥရောပ မီဒီယာများစွာက ဖော်ပြနေကြသည်။

ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီတွင် ဆယ်စုနှစ်တစ်ခုနီးပါး သိမ်းပိုက်ထားခဲ့သော စီးရီးအေချန်ပီယံဆုကို စွန့်လွှတ်ခဲ့ရပြီး ကိုပါအီတာလီယာချန်ပီယံဆုသာ ရယူနိုင်ခဲ့သည်။

myan789

ထို့ပြင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန်ပင် နောက်ဆုံးပွဲစဉ်အထိ တိုက်ပွဲဝင်ခဲ့ရသည့်အတွက် ပီယာလိုကို ရာထူးမှထုတ်ပယ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ပီယာလိုသည် ရာထူးမှထုတ်ပယ်ခံရရန် အကြိမ်ကြိမ်ထင်ကြေးပေးခံခဲ့ရသူဖြစ်သော်လည်း အသင်းဥက္ကဋ္ဌ အက်ဂ်နယ်လီက ၎င်းအား ထောက်ခံမှုပေးထားခဲ့သည့်အပြင် ၎င်းကိုယ်တိုင်ကလည်း ရာထူးမှနုတ်ထွက်ရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့ဖူးသည်။

သို့သော် ရာသီကုန်ဆုံးချိန်တွင်မူ ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူများက အပြောင်းအလဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး နည်းပြဟောင်း အယ်လီဂရီကို ပြန်လည်တာဝန်ပေးရန် စီစဉ်ခဲ့ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

အယ်လီဂရီသည် ဂျူဗင်တပ်စ်အသင်းကို ၂၀၁၄ ခုနှစ် မှ ၂၀၁၉ ခုနှစ်အထိ ကိုင်တွယ်ခဲ့စဉ်အတွင်း စီးရီးအေချန်ပီယံ ဆု (၅)ရာသီဆက်တိုက်ရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် အသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။

အယ်လီဂရီသည် ရီးယဲလ်အသင်း၏ နည်းပြသစ်ဖြစ်လာရန်လည်း ရေပန်းစားခဲ့ပြီး ဂျူဗင်တပ်စ်အသင်း၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် အယ်လီဂရီကို တစ်နှစ်လ စာယူရို(၉)သန်းဖြင့် (၄)နှစ်စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်၍ တရားဝင် စာချုပ်ချုပ်ဆိုရန်သာ ကျန်ရှိတော့ကြောင့် အီတလီအပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုက Twitter တွင် ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေချန်ပီယံဆုကို ပြန်လည်ရယူနိုင်ရန်နှင့် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ရန်အတွက် အယ်လီဂရီကို လုံလောက်သည့် ပြင်ဆင်မှုများ ပြုလုပ်သွားရန် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ အယ်လီဂရီသည် စီရော်နယ်လ်ဒိုကို ရောင်းထုတ်၍ မန်ယူကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူရန် စီစဉ်နေကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular