ဘာစီလိုနာအသင်းဘုတ်အဖွဲ့သည် ဘဏ္ဍာရေးဟန်ချက်ပိုမိုတည်ငြိမ်စေရန်အတွက် ပီကေး၊ ဘူးစကွက်စ်နှင့် အယ်လ်ဘာတို့၏ လစာငွေကို လျှော့ချသွားမည်ဖြစ်သည်။
အဆိုပါကစားသမား (၃)ဦးပေါင်း၏ လစာငွေသည် တစ်နှစ်စာအတွက် များစွာမြင့်မားနေသဖြင့် ယခုကဲ့သို့ စီစဉ်ရခြင်း ဖြစ်သည်။
ဘာစီလိုနာအသင်းသည် လာလီဂါပြိုင်ပွဲ၏ လစာငွေထိန်းချုပ်မှုစည်းမျဉ်းကြောင့် အဓိကကစားသမား မက်ဆီကို စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့သလို၊ လက်ရှိအချိန်တွင်လည်း အသင်းမှ ကစားသမားများအား လစာငွေလျှော့ချနေရကြောင်း သိရသည်။