spot_img

ပရီးမီးယားလိဂ်၊ ဂျာမန်ဖလားနှင့် ပြင်သစ်လိဂ် ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် – ချယ်လ်ဆီး (မြန်မာစံတော်ချိန် မေလ ၃ ရက် နံနက် ၁း၃၀ နာရီ)

ချယ်လ်ဆီးက အာဆင်နယ်နဲ့လည်း ကစားရမယ်၊ မန်စီးတီးနဲ့လည်း ကစားရမှာဖြစ်လို့ မန်စီးတီး အလေးသာနေတဲ့ အမှတ်ပေးချန်ပီယံပြေးပွဲမှာ ဇာတ်လမ်းတချို့  ဖန်တီးသူ ဖြစ်လာမလားဆိုတာကို စောင့်ကြည့်ရမယ်။ လက်ရှိခြေစွမ်းအရ၊ ရလဒ်ပိုင်းအရ ချယ်လ်ဆီးက အာဆင်နယ်ကိုလည်း မယှဉ်နိုင်ဘူး၊ မန်စီးတီးကိုလည်း မယှဉ်နိုင်ဘူး။ ကစားသမားတစ်ဦးချင်း အရည်အသွေးဘယ်လောက်မြင့်မြင့် လမ်းပတ်လက်ထက်မှာ တက်နေတဲ့အရှိန်တောင် ပြန်ကျသွားပြီး၊ ခြေစွမ်းပြနေတဲ့ ကစားသမားတွေလည်း ပြန်ငုပ်လျှိုးကုန်တယ်၊ ဒဏ်ရာပြဿနာတွေလည်း ရှိနေတယ်။ အာဆင်နယ်အသင်းရဲ့ ကွင်းမှာ ချယ်လ်ဆီး  သရေတောင်ရဖို့မရှိဘူး။

myan789

ဖရိုင်းဘတ် – လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် မေလ ၃ ရက် နံနက် ၁း၁၅ နာရီ)

ဖရိုင်းဘတ်အသင်းအဖို့ ပြီးခဲ့တဲ့ရာသီ ဂျာမန်ဖလားဗိုလ်လုပွဲ ရှုံးကြွေးကိုဆပ်နိုင်ဖို့ အခွင့်အရေးကောင်းပါပဲ။ ဒါ့အပြင် အခုပွဲမှာ အိမ်ကွင်းလက်ခံကစားရမှာဖြစ်လို့ ဖရိုင်းဘတ်အသင်းအတွက် တစ်ပန်းသာနေတယ်။ ဖရိုင်းဘတ်အသင်းက ဒီရာသီ ပြိုင်ပွဲစုံ အိမ်ကွင်းပွဲတွေမှာ ဒေါ့မွန်၊ ဘိုင်ယန်မြူးနစ်နဲ့ ဂျူဗင်တပ်စ်တို့ကိုသာ အရေးနိမ့်ထားလို့ ရလဒ်ကောင်းတယ်လို့ ဆိုရမှာပါ။ လိုက်ပ်ဇစ်ကတော့ ပြီးခဲ့တဲ့(၄)ရာသီမှာ (၃)ကြိမ် ဖိုင်နယ်တက်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးအဝေးကွင်း(၅)ပွဲမှာ (၄)ပွဲအထိ အရေးနိမ့်ထားတာကိုတော့ သတိပြုရမယ်။ ဖရိုင်းဘတ် မိနစ်(၉၀)အတွင်း မရှုံးလောက်ဘူး။

တူးလူး – လန်းစ် (မြန်မာစံတော်ချိန် မေလ ၃ ရက် နံနက် ၁း၃၀ နာရီ)

တူးလူးအသင်း ပြင်သစ်ဖလား ဆွတ်ခူးထားလို့ စိတ်ဓာတ်တက်နေနိုင်ပေမဲ့ အမှတ်မလိုတော့တဲ့ အနေအထားကို ထည့်သွင်းစဉ်းစားရမယ်။ လန်းစ်ကတော့ ရလဒ်ကောင်းနေသလို၊ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လည်း ကြိုးစားကစားနေတယ်။ လန်းစ်ပဲ နိုင်ဖို့များတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular