spot_img

ပရီးမီးယားလိဂ်ပွဲဦးထွက်တွင် အနိုင်ရလဒ်ရရှိသော ပထမဆုံးဂျာမန်လူမျိုးနည်းပြအဖြစ် ရန်းနစ် မှတ်တမ်းဝင်ခဲ့ပြီး ယခင်ဂျာမန်နည်းပြ(၅)ဦး နိုင်ပွဲပျောက်ခဲ့ကြ

မန်ယူအသင်းနည်းပြ ရန်းနစ်သည် ပရီးမီးယားလိဂ်ပွဲဦးထွက်ပွဲတွင် အနိုင်ရလဒ်ရယူနိုင်သည့် ပထမဆုံးဂျာမန်လူမျိုးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူ – ခရစ္စတယ်ပဲလေ့စ်ပွဲတွင် မန်ယူအသင်းသည် ကွင်းလယ်လူဖရက်ဒ်သွင်းယူသော တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရန်းနစ်မှာ သူ၏မန်ယူနည်းပြဘဝကို အနိုင်ရလဒ်ဖြင့် တာထွက်နိုင်ခဲ့သည်။

myan789

ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် ရန်းနစ်အပါအဝင် ဂျာမန်လူမျိုးနည်းပြ (၆)ဦး တာဝန်ယူခဲ့ဖူးပြီး ယခင်ဂျာမန်နည်းပြ (၅)ဦးမှာ ၎င်းတို့ကိုင်တွယ်သည့် ပထမဆုံးပရီးမီးယားလိဂ်ပွဲဦးထွက်ပွဲတွင် နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

လက်ရှိတွင် ပရီးမီးယားလိဂ်၌ ရန်းနစ်အပြင် ဂျာမန်လူမျိုးနည်းပြများအဖြစ် ယာဂန်ကလော့ပ် (လီဗာပူးလ်)၊ တူဟယ်လ် (ချယ်လ်ဆီး) တို့က တာဝန်ယူနေပြီး ယခင်က ဖိလစ်မာဂတ် (ဖူလ်ဟမ်)၊ ယန်းဆီးဝက် (ဟတ်ဒါဖီးလ်)နှင့် ဒန်နီယဲလ်ဖာကယ် (နောဝစ်ချ်)တို့က တာဝန်ယူခဲ့ကြဖူးသည်။

ယင်းဂျာမန်လူမျိုးနည်းပြ (၅)ဦးမှာ ၎င်းတို့၏ ပွဲဦးထွက်ပရီးမီးယားလိဂ်ပွဲများတွင် နိုင်ပွဲရရှိရန် မစွမ်းဆောင်နိုင်ခဲ့ကြောင်း ဘောလုံးအချက်အလက်ဝက်ဘ်ဆိုက်ဖြစ်သည့် Optajoe က ဖော်ပြခဲ့သည်။

လက်ရှိလီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်သည် လီဗာပူးလ်အသင်းကို ၂၀၁၅ အောက်တိုဘာလတွင် စတင်ကိုင်တွယ်ခဲ့ပြီး သူ၏ ပထမဆုံးပွဲစဉ်၌ စပါးအသင်းနှင့် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သည်။

ကလော့ပ်သည် သူ၏တတိယမြောက်ပရီးမီးယားလိဂ်ပွဲစဉ်မှ နိုင်ပွဲစတင်ရရှိခဲ့ပြီး ချယ်လ်ဆီးအသင်းကို (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိချယ်လ်ဆီးအသင်းနည်းပြ တူဟယ်လ်မှာလည်း ယခုနှစ်ဇန်နဝါရီလအတွင်း ချယ်လ်ဆီးအသင်းနည်းပြဟောင်း လမ်းပတ်နေရာတွင် အစားထိုးခန့်အပ်ခံခဲ့ရပြီး သူ၏ ပထမဆုံးပရီးမီးယားလိဂ်ပွဲတွင် ဝုလ်ဗ်အသင်းနှင့် အိမ်ကွင်း၌ ဂိုးမရှိသရေကျခဲ့သည်။

မန်ယူအသင်းသည် ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် ဂိုးမပေးရဘဲအနိုင်ရရှိခဲ့ရာ ယခုရာသီ ပြိုင်ပွဲစုံအိမ်ကွင်းပွဲစဉ်များအားလုံးတွင် ပထမဆုံးအကြိမ်အဖြစ် Clean Sheet ရရှိခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် ယခုရာသီအတွင်း ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲမတိုင်မီ ကစားခဲ့သော အိမ်ကွင်းပွဲစဉ်(၁၁)ပွဲစလုံးတွင် ပြိုင်ဘက်အသင်းများအား ဂိုးပေးခဲ့ရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular