အက်စတွန်ဗီလာ – ရှက်ဖီးယူနိုက်တက် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် ည ၁၁း၃၀ နာရီ)
ရှက်ဖီးယူနိုက်တက်ရဲ့ခံစစ်က မနှစ်ကလို ကောင်းပါဦးမလား၊ စုစည်းမှုနဲ့ မာကျောမှုလည်း လျော့ကျသွားမလားဆိုတာ ဒီပွဲမှာ စောင့်ကြည့်ရမယ်။ အဖွင့်ပွဲမှာ ရှုံးခဲ့ပေမယ့် ဝုလ်ဗ်လို ပြိုင်ဘက်မျိုးဖြစ်နေပြီး ဒီပွဲမှာ မှန်ကန်စွာ မတုံ့ပြန်နိုင်ရင်တော့ ရှက်ဖီးက စောစောစီးစီး ယုံကြည်မှုပြဿနာ ရှိလာနိုင်တယ်။ ဗီလာက ခြေစမ်းပွဲမှာ မန်ယူကို နိုင်ခဲ့သလို၊ လိဂ်ဖလားမှာလည်း ဘာတန်ကို ဂိုးပြတ်နိုင်ခဲ့တယ်။ ဗီလာကို ကြိုက်တယ်။
ဝုလ်ဗ် – မန်စီးတီး (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၂ ရက် နံနက် ၀၁း၄၅ နာရီ)
ဝုလ်ဗ်က အဖွင့်ပွဲမှာ ရှက်ဖီးကို အနိုင်ယူခဲ့ပြီး မနှစ်ကလိုပဲ မာကျောဆဲ၊ တောင့်တင်းဆဲဆိုတာ သက်သေပြခဲ့တယ်။ မန်စီးတီးအတွက်တော့ ဒီပွဲက ရာသီအဖွင့်ပွဲလို ဖြစ်လာပြီး မနှစ်က သူတို့ကို နှစ်ကျော့စလုံး အနိုင်ကစားခဲ့တဲ့အသင်းကို အဝေးကွင်းမှာ ထပ်ရင်ဆိုင်ရဦးမှာဖြစ်တယ်။ ဝုလ်ဗ်က မနှစ်ကအသင်းကိုပဲ အဓိကအားပြုတည်ဆောက်ထားပြီး တိုက်စစ်မှူး ဟီမင်နက်ဇ် ဂိုးပေါက်တွေ့ဆဲဖြစ်သလို၊ ပိုဒန့်စ်၊ နေတို၊ အဒါမာထရာအိုရေးတို့ကလည်း အားကောင်းနေဆဲဖြစ်တယ်။ မန်စီးတီး ရဲ့ခံစစ်ကို ခြိမ်းခြောက်နိုင်ဦးမှာဖြစ်ပြီး အထူးသဖြင့် မန်စီးတီးကို အကြိမ်ကြိမ်ဒုက္ခပေးခဲ့တဲ့အတွက် ယုံကြည်မှုအပြည့်နဲ့ ကစား မယ့်အခြေအနေက ပိုမိုအားကောင်းစေမယ်။ မန်စီးတီးက တိုက်စစ်အတွက်တော့ စိတ်ပူစရာမရှိပါဘူး။ ဒါပေမဲ့ ခံစစ်ပိုင်းကို ဘယ်လိုပြင်ဆင်ထားမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်တယ်။ လက်ရှိအချိန်မှာတော့ ဝုလ်ဗ်ကွင်းမှာ မန်စီးတီး အနိုင်ကစားဖို့ မလွယ်သေးပါဘူး။ သရေရလဒ်လောက်နဲ့ပဲ ရာသီဖွင့်မယ်ထင်တယ်။