spot_img

ပရီးမီးယားလိဂ်ပွဲစဉ် (၁၀) ပွဲကြိုသုံးသပ်ချက်

ဆောက်သမ်တန် – မန်ယူ (တနင်္ဂနွေည ၈း၃၀ နာရီ)
ဆောက်သမ်တန်က ဒီရာသီမှာ မန်ယူထက် မှတ်တမ်းပိုင်းမှာ အစစအရာရာကောင်းနေတယ်။ နိုင်ပွဲမှာ ဆောက်သမ်တန် က (၆)ပွဲရထားချိန်၊ မန်ယူက (၅)ပွဲပဲ ရထားပြီး ဆောက်သမ်တန်က ဒီရာသီမှာ ကစားခဲ့တဲ့ (၉)ပွဲစလုံး ဂိုးရခဲ့တယ်။ Clean Sheet ရတာက (၄)ပွဲရှိတယ်။ ဒီအချက်တွေအားလုံးက မန်ယူထက် သာတဲ့အချက်တွေပါ။ လက်ရှိရလဒ်ပိုင်းအရဆိုရင်လည်း ဆောက်သမ်တန်က ပိုကောင်းနေတာတွေ့ရတယ်။ နောက်တစ်ချက်က မန်ယူက ခံစစ်ကနေ တိုက်စစ်ကို အလျင်အမြန်အ သွင်ကူးပြောင်းတဲ့ Transition တွေ အရမ်းကောင်းတဲ့အသင်းဆိုပေမဲ့ ဆောက်သမ်တန်ကလည်း ဘောလုံးကိုင်ကစားပြီး Possession game နဲ့ ကစားတဲ့အသင်းမျိုးမဟုတ်ဘူး။ ပြိုင်ဘက်အမှားကို ပြန်စောင့်ကစားတတ်တဲ့ Reactive Play မျိုးပဲ ကစားတယ်။ Direct Football ကို ကစားတဲ့အသင်းမျိုးလည်းဖြစ်နေလို့ မန်ယူ အခွင့်အရေးတွေရှာဖွေဖို့ ခက်တဲ့ပွဲမျိုးဖြစ်နိုင် တယ်။ သရေကျသွားဖို့များတယ်။

ချယ်လ်ဆီး – စပါး (တနင်္ဂနွေည ၁၁း၀၀ နာရီ)
လက်ရှိအချိန်မှာ နှစ်သင်းစလုံးက အကောင်းဆုံးပုံစံနဲ့ ဖြတ်သန်းနေတာတွေ့ရတယ်။ ဘယ်အသင်းက ရပ်တန့်သွားမလဲ ဆိုတာကို လီဗာပူးလ်က စောင့်ကြည့်နေမှာဖြစ်ပြီး သရေရလဒ်ဆိုရင်တော့ ပြိုင်ဘက်တွေအတွက် ပိုကောင်းတဲ့ရလဒ်ဖြစ်နေ လိမ့်မယ်။ ချယ်လ်ဆီးနဲ့ စပါးတို့အတွက်တော့ အမှတ်ပေးဇယားထိပ်ဆုံးနေရာဆိုတာထက်၊ နိုင်ဖို့ ဆိုတာထက် မရှုံးဖို့က ပိုအ ရေးကြီးနေတယ်လို့ ပြောရမယ်။ လက်ရှိတက်နေတဲ့အရှိန်ကို ရပ်မသွားအောင် ကြိုးစားရမဲ့ပွဲမျိုးလည်းဖြစ်နေတယ်။ ဒီပွဲ မှာ အရေးကြီးတဲ့ အချက်တစ်ခုက လမ်းပတ်နဲ့ မော်ရင်ဟိုရဲ့ မှတ်တမ်းပဲ။ လမ်းပတ်က ဒါဘီနည်းပြဘဝမှာ မန်ယူနည်းပြမော် ရင်ဟိုကို အနိုင်ယူခဲ့ဖူးသလို၊ မနှစ်ကလည်း အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့စလုံးအနိုင်ရခဲ့တယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေက အနာဂတ်အတွက် အရမ်းအရေးမပါပေမဲ့ စိတ်ပိုင်းဆိုင်ရာအရတော့ ချယ်လ်ဆီးက အသာစီးမှာရှိနေမှာသေချာပါတယ်။ တိုက်စစ်ကစားပုံကလည်း ချယ်လ်ဆီးကိုပိုကြိုက်တယ်။ ချယ်လ်ဆီး သရေနဲ့ အနိုင်ပဲ။

myan789

အာဆင်နယ် – ဝုလ်ဗ် (တနင်္လာနံနက် ၁း၄၅ နာရီ)
နှစ်သင်းစလုံးက ရပ်တည်မှု သိပ်မကွာသလို၊ ရမှတ်အားဖြင့်လည်း (၁)မှတ်သာ ကွာပါတယ်။ တစ်ရာသီလုံးဖြတ်သန်းမှုကို ကြည့်ရင် သိပ်မကွာတဲ့အသင်းတွေလို့ ပြောလို့ ရတယ်။ ခံစစ်ပိုင်းကစားပုံ အားကောင်းကျစ်လျစ်ကြပြီး၊ တိုက်စစ်ပိုင်းက ဂိုးတွေရဖို့ ရုန်း ကန်နေရတာချင်းလည်း တူတယ်။ ဒီပွဲက အာဆင်နယ် နိုင်ပွဲရသင့်တဲ့ပွဲဆိုပေမဲ့ ဝုလ်ဗ်ရဲ့ မာကျောမှုကြောင့် သရေလောက်နဲ့ပဲ ပြီးသွားနိုင်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular