နယူးကာဆယ်အသင်းသည် နည်းပြ စတိဗ်ဘရုစ်နှင့် လမ်းခွဲကြောင်းကြေညာပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ နောက်ထပ် အသင်းနှင့်လမ်းခွဲရမည့် နည်းပြရေပန်းစားမှုတွင် မန်ယူနည်းပြ ဆိုးလ်ရှားက ထိပ်ဆုံးသို့ ရောက်ရှိလာကြောင်း သိရသည်။
လိဒ်စ်မြို့အခြေစိုက် ဗြိတိန်လောင်းကစားကုမ္ပဏီ Sky Bet ကထုတ်ပြန်သည့် အလေးပေးချက်တွင် ဆိုးလ်ရှားက အပြတ်အသတ်ရေပန်းစားနေခြင်းဖြစ်သည်။
၎င်း၏နောက်တွင် မကြာသေးမီကမှ ဝက်ဖို့ဒ်နည်းပြအဖြစ် ခန့်အပ်ခံထားရသည့် ၀ါရင့်နည်းပြ ရာနီရေးရီနှင့် အမှတ်ပေးဇယားအောက်ဆုံးရောက်နေသည့် နောဝစ်ချ်အသင်းနည်းပြ ဒန်နီယဲလ်ဖာကယ်တို့ ရှိနေသည်။
သို့သော် ဆိုးလ်ရှားနှင့် အဆိုပါနည်းပြနှစ်ဦးအကြား အလေးပေးချက်မှာ များစွာကွာဟနေလျက်ရှိကြောင်း သိရသည်။
မန်ယူအသင်းသည် နည်းပြဆိုးလ် ရှား၏အနာဂတ်ကို အစောပိုင်းက အာမခံချက်ပေးထားသော်လည်း ဗြိတိန်သတင်းစာ The Sun က ထုတ်ပြန်သည့်သတင်းတွင် လီဗာပူးလ်နှင့် ပွဲရလဒ်အပေါ်မူတည်ပြီး တစ်စုံတစ်ရာ ဆုံးဖြတ်ဖွယ်ရှိနေသည်ဟု ရေးသား ထားသည်။
လမ်းခွဲရမည့်နည်းပြ ရေပန်းစားမှု
အမည် ကလပ် အလေးပေးမှု
ဆိုးလ်ရှား မန်ယူ ၆း၄ လေး
ရာနီရေးရီ ဝက်ဖို့ဒ် ၅း၁ လေး
ဒန်နီယဲလ်ဖာကယ်လ် နောဝစ်ချ် ၆း၁ လေး
နူနိုဆန်တို စပါး ၁၁း၁ လေး
ဟာဆန်ဟူတယ်လ် ဆောက်သမ်တန် ၁၂း၁ လေး
အာတီတာ အာဆင်နယ် ၁၄း၁ လေး