စပါး ၁-၃ လီဗာပူးလ်
လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ် ဂိုးပေါက်ပျောက်ဆုံးမှုက (၄၈၆)မိနစ်အကြာမှာ အဆုံးသတ်ခဲ့တဲ့အပြင် သွင်းဂိုး(၃)ဂိုးနဲ့ နိုင်ပွဲပြန်ရခဲ့ပါတယ်။ စပါးက ခံစစ်ကို ဦးစားပေးခဲ့ပေမဲ့ အပြန်အလှန်တိုက်စစ်နိုင်ခဲ့တာကြောင့် အကြိတ်အနယ်ရှိခဲ့ပြီး ပထမပိုင်းမှာတော့ မာနေနဲ့ ဆွန်ဟောင်မင်တို့ရဲ့အားပြိုင်ပွဲလို ဖြစ်ခဲ့ပါတယ်။
ပွဲအစ(၂)မိနစ်ဝန်းကျင်မှာပဲ ဆွန်ဟောင်မင်က ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ VAR က လူကျွံဘောအဖြစ် သတ်မှတ်ပြီး ပြန်ပယ်ဖျက်ခဲ့သလို၊ ဒုတိယပိုင်းမှာ ဆာလာ သွင်းယူတဲ့ဂိုးကိုလည်း VAR ပြန်ကြည့်ပြီး ဖေမီနိုရဲ့ လက်ထိဘောအဖြစ် သတ်မှတ်ကာ ပြန်ပယ်ဖျက်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းက လူမစုံပေမဲ့ ပိုကောင်းတဲ့အသင်းဖြစ်ကြောင်း ပြသနိုင်ခဲ့ပြီး တိုက်စစ်အခွင့်အရေးတွေလည်း အများအပြားရရှိခဲ့ပါတယ်။ စပါးကတော့ ဟာရီကိန်း ဒဏ်ရာရသွားတာကြောင့် ဒုတိယပိုင်းမှာ ပိုအားနည်းသွားခဲ့ပါတယ်။
လီဗာပူးလ်အတွက် ဂိုးတွေကို ပထမပိုင်းနာကျင်အချိန်ပိုမှာ ဖေမီနို၊ (၄၇)မိနစ်မှာ အာနိုးလ်နဲ့ (၆၅)မိနစ်မှာ မာနေတို့က သွင်းယူခဲ့ပြီး စပါးအတွက်ဂိုးကိုတော့ (၄၉)မိနစ်မှာ ဟူဘယက်က သွင်းယူခဲ့ပါတယ်။