spot_img

ပရီးမီးယားလိဂ် Great တွေတောင် မရဖူးတဲ့ စံချိန်နဲ့ နီးကပ်လာတဲ့ ဘရူနို ဖာနန်ဒက်စ်

မကြာခင် မှာ ဘရူနို ဖာနန်ဒက်စ် ပရီးမီးယားလိဂ် ကို စတင် ခြေချတာ ၁ နှစ် ပြည့်ပါတော့မယ် ။ ၁၂ လ ဆိုတဲ့ အချိန် ကာလ အတွင်းမှာ ပေါ်တူဂီသား ဟာ မန်ချက်စတာ ယူနိုက်တက် ကို ပိုကောင်းတဲ့ အသင်း ဖြစ်လာ စေခဲ့တာ ငြင်းလို့ မရနိုင် ပါဘူး ။ သူကိုယ်တိုင် လည်း ဂိုး ပေါင်း ၄၀ ကျော် ပါဝင် ပတ်သက် ပေးထားခဲ့ ပါတယ် ။ ဒါကြောင့်လည်း ဘရူနို ဟာ ၂၀၂၀ ရဲ့ အကောင်းဆုံး အသင်း အချို့မှာ ပါဝင် နိုင်ခဲ့ တာပါ ။

အခု တဖန်လည်း ဖာနန်ဒက်စ် ဟာ ဒီဇင်ဘာ လ ရဲ့ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစား သမား ဆု အတွက် စကာတင် စာရင်းမှာ ပါဝင် လာခဲ့ ပြန်ပါတယ် ။ ဒါကြောင့် ဘရူနို ဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ် မှာ ဘယ်သူမှ မရဖူး သေးတဲ့ မှတ်တမ်း ကောင်း တစ်ခုကို ရယူ နိုင်မယ့် အခွင့်အရေး နဲ့ နီးစပ် လာခဲ့ ပါတယ် ။

myan789

၁၉၉၂ မှာ ပရီးမီးယားလိဂ် လို့ အမည်သစ် နဲ့ ယှဉ်ပြိုင် လာခဲ့တဲ့ အင်္ဂလန် အဆင့်မြင့်တန်း ဘောလုံး ပြိုင်ပွဲဟာ ယခင်က တစ်နှစ်တာ အကောင်းဆုံး နည်းပြ နဲ့ ကစား သမား ဆုတွေကိုသာ ချီးမြှင့် ခဲ့ ပါတယ် ။ ၁၉၉၄-၉၅ ရာသီ က စပြီး တစ်လတာ အကောင်းဆုံး နည်းပြ နဲ့ ကစား သမား ဆုကို ပေးအပ် ချီးမြှင့် ခဲ့တာပါ ။

ဒီဆုကို ပထမဆုံး ရခဲ့သူ ကတော့ စပါး တိုက်စစ်မှူး ဂျာဂင် ကလင်းစမန်း ပါပဲ ။ လက်ရှိ မှာတော့ မန်စီးတီး တိုက်စစ်မှူးကြီး အဂွေရို က 7 ကြိမ် နဲ့ အများဆုံး ရရှိသူ အဖြစ် ရပ်တည်လို့ နေပါတယ် ။ အဆိုပါ ဆုကို အွန်လိုင်းကနေ မဲပေးတဲ့ ပရိသတ်တွေရဲ့ မဲ ၁၀% ကိုယူပြီး အကဲဖြတ် အဖွဲ့ နဲ့ ပရီးမီးယားလိဂ် အသင်း ၂၀ ရဲ့ အသင်း ခေါင်းဆောင်တွေ ဆီက မဲတွေ စုပေါင်း တွက်ချက်ကာ အဆင့် သတ်မှတ် ထုတ်ပြန်တာ ပဲ ဖြစ် ပါတယ် ။

ဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ် ရဲ့ တစ်လတာ အကောင်းဆုံး ကစား သမား ဆုကို ဖေဖော်ဝါရီ ၊ မတ် လ နဲ့ နိုဝင်ဘာလ တွေမှာ ဆွတ်ခူး ရရှိ ထားခဲ့ ပါတယ် ။ ဒီလို ပြက္ခဒိန် တစ်နှစ် အတွင်းမှာ တစ်လတာ အကောင်းဆုံး ကစား သမား ဆုကို ၃ ကြိမ်ထိ ရယူ နိုင်တာဟာ အက်ရှ်လေယန်း ( 2008 ) နဲ့ ဟယ်ရီကိန်း ( 2017 ) တို့သာ ရှိခဲ့ ပါတယ် ။

ဒါပေမယ့် ပြက္ခဒိန် တစ်နှစ် အတွင်းမှာ ဘယ်သူကမှ တစ်လတာ အကောင်းဆုံး ကစား သမား ဆု ကို ၄ ကြိမ် မရခဲ့ဖူး ပါဘူး ။ အခု ဖာနန်ဒက်စ် ဟာ ဒီ စံချိန် ကို ရဖို့ လက်တစ်ကမ်း နဲ့ နောက်ဆုံး အခွင့်အရေး ကို ရရှိ ခဲ့ ပါပြီ ။ သူ ဒီစံချိန် ကို ရယူ နိုင်မလားဆိုတာ ကတော့ ပရိသတ်တွေ ရဲ့ မဲတွေ ၊ ဘုတ်အဖွဲ့ နဲ့ အသင်း ခေါင်းဆောင် တွေရဲ့ ဆုံးဖြတ်ချက်တွေ အပေါ်မှာ ပဲ မူတည် နေမှာပါ ။

ဖာနန်ဒက်စ် ဟာ ဗီလာ တိုက်စစ်မှူး အယ်ဂါဇီ ၊ ဗီလာ ဂိုးသမား မာတီနက် ၊ ဘန်လေ နောက်ခံလူ ဘီမီ ၊ လီဗာပူး တောင်ပံ ကစား သမား မိုဆာလာ ၊ ဝက်စ်ဟမ်း ကွင်းလယ်လူ တိုမက် ဆူချက် ၊ မန်စီးတီး နောက်ခံလူ ဂျွန်စတုန်း တို့ အပြင် မန်ယူနိုက်တက် အသင်းဖော် မားကပ်စ် ရက်ဖိုဒ့် တို့နဲ့ အဆိုပါ ဆုအတွက် ယှဉ်ပြိုင် ရမှာပဲ ဖြစ် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ရဲ့ ဂန္ထဝင် ကစား သမားလည်း ဖြစ် ၊ ဖာနန်ဒက်စ် ရဲ့ ပေါ်တူဂီ စီနီယာကြီးလည်း ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒို ဟာ ပရီးမီးယားလိဂ် ကစား သမား ဘ၀ ၆ နှစ်တာ အတွင်း တစ်လတာ အကောင်းဆုံး ကစား သမား ဆုကို ၄ ကြိမ်သာ ရယူနိုင်ခဲ့ ပါတယ် ။ အခု ဖာနန်ဒက်စ် က ၁၂ လ မပြည့်ခင် မှာပဲ လိုက်မီ နိုင်တော့ မှာပါ ။

မန်ချက်စတာ ယူနိုက်တက် အတွက် တော့ ဘရူနို ဖာနန်ဒက်စ် ဟာ တကယ့်ကို မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်ခဲ့ တာပါပဲ . . . . .

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular