spot_img

ပရိသတ်တွေ သိချင်နေတဲ့ ဝိုင်နယ်ဒမ် ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးလိုက်တဲ့ ယာဂန် ကလော့ပ်

ဝိုင်နယ်ဒမ် ရဲ့ လက်ရှိ စာချုပ်ဟာ ရာသီကုန်တာ နဲ့ သက်တမ်းပြည့်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ ဖွင့်လှစ်တာ နဲ့ အခြား ကလပ်တစ်ခုကို တွေ့ဆုံပြီး စာချုပ်သစ် ဆိုင်ရာ အချက်အလက်တွေကို ကြိုတင် ညှိနှိုင်းခွင့် ရှိနေပါတယ်။

အဲဒီလို အနေအထားမျိုး ဖြစ်လာသည့်တိုင်အောင် သူ့ရဲ့ အသင်းမှာ အရေးပါမှုတွေက လုံး၀ လျှော့ကျသွားခြင်း မရှိပါဘူး။ သူဟာ ဒီရာသီမှာ ရော်ဘတ်ဆန် ပြီးရင် ၊ အသင်းအတွက် ဒုတိယ အများဆုံး ပါဝင်ကစားပေးထားတဲ့ ကစားသမား ဖြစ်ပြီး ၊ ဒဏ်ရာ ပြသနာ ကင်းကင်းနဲ့ ခြေစွမ်းပြနေတာက လီဗာပူး ဖန်တွေကို နှမြောမိနေစေပါတယ်။

myan789

ယာဂန် ကလော့ပ် ကတော့ ဝိုင်နယ်ဒမ် ကို စာချုပ်သက်တမ်းတိုးချင်တဲ့ အကြောင်းကို အခုလိုပဲ ဖွင့်ဟ သွားခဲ့ ပါတယ်။

“ သူ့ရဲ့ စာချုပ်သစ် ကိစ္စနဲ့ ပတ်သက်ပြီး ကျနော့် ဘက်က အများကြီး မပြောပြနိုင်ဘူးဗျာ။ တကယ်လို့ သူသာ အသင်းမှာ ဆက်ရှိနေမယ် ဆိုရင်တော့ အရမ်းပျော်နေမိမှာ သေချာပါတယ်။ ဒါက ဖြစ်နိုင်ချေ အကြောင်းအရာ တစ်ခုပါ။

ကျနော် က ဂျီနီ နဲ့ ပတ်သက်လာရင် ကျေနပ်ပြီးသားပါ။ အသင်းရဲ့ ပွဲထွက် ကစားသမား စာရင်း အများစုမှာ သူ့ရဲ့ နာမည် ပါဝင်နေတာကို ကြည့်ရင်ပဲ ခင်ဗျားတို့ ခန့်မှန်းကြည့်လို့ ရပါတယ်။

သူ့ရဲ့ ခြေစွမ်းက ယိမ်းယိုင်သွားတဲ့ ပွဲမျိုးဆိုတာ မရှိသလောက်ကို နည်းလွန်းပါတယ်။ ဒါကို အရိုးသားဆုံး ပြောတာပါ။ သူဟာ နေရာ အမျိုးမျိုးတောင် ပြောင်းလဲ ကစားပေးခဲ့တာလေ။ လက်ရှိ ခြေစွမ်းက အရမ်းကို ကောင်းနေတာမို့ ၊ ဒီအတိုင်း ဆက်ပြီး ထိန်းသွားနိုင်ဖို့လဲ မျှော်လင့်မိပါတယ်။ ဒီလောက်ပဲ ပြောချင်ပါတယ်။

ဘာမှ တိတိကျကျ ဆုံးဖြတ်ချက် မချသေး သ၍ ၊ စာချုပ်သစ် ကိစ္စအတွက် ဖြစ်နိုင်ချေတွေက ရှိနေဆဲပါ။ ကျနော် ကတော့ အကောင်းဘက်ကပဲ မြင်ထားပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ဝိုင်နယ်ဒမ် ဟာ အတ္တလန္တာ နဲ့ ရင်ဆိုင် ကစားခဲ့တဲ့ ပွဲမှာ လီဗာပူး အတွက် စုစုပေါင်း 201 ပွဲ ပြည့်မြောက်ခဲ့ပြီး ၊ ပွဲ 200 ပြည့် အမြန်ဆုံး ကစားပေးခဲ့တဲ့ လီဗာပူး ကစားသမားတွေ ထဲမှာ နိုင်ပွဲ အများဆုံး ကစားသမားအဖြစ်တောင် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

လက်ရှိ အချိန်ထိတော့ သူ့ကို ခေါ်ယူဖို့ အတွက် အသံအကျယ်လောင်ဆုံး ထွက်ပေါ်ထားတဲ့ ကလပ်က ဘာစီလိုနာ ဖြစ်ပါတယ်။ သို့သော် ဘာစီလိုနာ ကိုယ်တိုင်က ဘဏ္ဍာရေး အကျပ်အတည်းတွေ နဲ့ ရင်ဆိုင်နေရတာကြောင့် ကစားသမား လစာလျှော့ချမှုတွေ လုပ်ဆောင် ထားခဲ့တာ ဖြစ်လို့ ၊ ဝိုင်နယ်ဒမ် ကို ခေါ်ယူဖို့ အတွက် စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

လီယို မက်ဆီ ကို ဆုံးရှုံးနိုင်တဲ့ အနေအထားတွေ ၊ ရော်နယ် ကိုးမန်း ကလဲ လာမယ့်ရာသီရောက်ရင် လက်ရှိ ရာထူးမှာ ဆက်ရှိဖို့ မသေချာတဲ့ အခြေအနေတွေကြောင့်ပဲ ဝိုင်နယ်ဒမ် နဲ့ လီဗာပူး တို့ အကြားက စာချုပ်သစ် ကိစ္စကလဲ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါသေးတယ်။

လီဗာပူး ဟာ ဒီည 7 နာရီမှာတော့ ဘရိုတ်တန် အသင်းရဲ့ ကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပြီး ၊ အသင်းခေါင်းဆောင် ဟန်ဒါဆင် ဟာ ပါဝင် ကစားပေးဖို့ မသေချာသေးဘူးလို့ ကလော့ပ်က ပြောဆိုထားပါတယ်။ ဘရိုတ်တန် ဘက်မှာတော့ အားထားရတဲ့ လူငယ် ကစားသမားလေး လမ့်တေး ဟာ ပွဲပယ် ပစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဘရိုတ်တန်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အိမ်ကွင်း နိုင်ပွဲ တစ်ပွဲမှ မရသေးသလို ၊ လီဗာပူး ကလဲ နောက်ဆုံး ကစားခဲ့တဲ့ 3 ပွဲ ဆက်တိုက် နိုင်ပွဲတွေ ပျောက်ဆုံးထားခဲ့ပါတယ်။ သို့သော် သူတို့ဟာ ဘရိုတ်တန် နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး 6 ပွဲ စလုံးကိုတော့ ပြတ်ပြတ်သားသား အနိုင်ယူပြထားပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular