spot_img

ပရိသတ်တွေ ရွေးတဲ့ ရွှေဘောလုံး အကောင်းဆုံးအသင်းမှာ ဘယ်သူတွေ ပြန်ပါလာခဲ့ကြသလဲ ?

France Football Magazine ရဲ့ ဘောလုံး သမိုင်း တစ်လျောက် အကောင်းဆုံး ရွှေဘောလုံး အိပ်မက် အသင်း ( Ballon D’or Dream Team ) ကို ယမန်နေ့ ညပိုင်း က ထုတ်ပြန် ကြေညာ ခဲ့ပြီး ပရိသတ်တွေ ရဲ့ အကြားမှာ အငြင်း ပွားမှုတွေ ရှိခဲ့ ကြပါတယ် ။ France Football ဟာ ကိုဗစ် ရောဂါဆိုးကြီး ကြောင့် နှစ်စဉ် ပေးအပ် ချီးမြှင့် တဲ့ ရွှေဘောလုံးဆု ( Ballon D’or ) ကို ဒီနှစ် မှာ မချီးမြှင့် တော့ဘဲ Ballon D’or Dream Team ကို သာ ရွေးချယ် သွားခဲ့ ပါတယ် ။

ဒီရွေးချယ်မှု ကို ရွှေဘောလုံး ထုံးစံ အတိုင်း ဥရောပ တစ်လွှားက နာမည်ကျော် သတင်း ဌာန တွေ ရဲ့ ကိုယ်စားပြု ဂျာနယ်လစ်တွေ ၊ နာမည်ကြီး သမ္ဘာရင့် သတင်းထောက် တွေ စုစုပေါင်း ၁၄၀ က ရဲ့ မဲပေးမှုတွေ နဲ့ ရွေးချယ် ဆုံးဖြတ်ခဲ့တာ ပဲ ဖြစ် ပါတယ် ။

myan789

၃-၄-၄ ကစားကွက် ကို အခြေခံပြီး ရွေးချယ် ခဲ့တဲ့ Dream Team ရဲ့ အမည် စာရင်း ထွက်ပေါ် လာချိန် မှာတော့ ပရိသတ်တွေ သဘော မကျ နိုင်တဲ့ နေရာ အချို့ ပါဝင် လာခဲ့ ပါတယ် ။ အထူး သဖြင့် ဂျာနယ်လစ် တွေရဲ့ မဲပေးမှု မှာ နံပါတ် ၁ မဖြစ် ခဲ့ပေမယ့် ပီလီ ပါဝင် လာခဲ့မှု ၊ ဇီဒန်း ကို ချန်လှပ်ပြီး ဇာဗီ ကို ထည့်သွင်း ခဲ့မှုတွေ ဟာ ပရိသတ်တွေ ကို မကျေမနပ် ဖြစ်စေ ခဲ့ ပါတယ် ။

ဂိုးသမား နေရာမှာလည်း ဆိုဗီယက် ဂိုးသမားကြီး လက်ဗ် ယာရှင် ကို ပရိသတ်တွေ သဘော မကျခဲ့ဘဲ မျက်မှောက် ခေတ် ဂိုးသမားကြီး ဘူဖွန် ကိုသာ ပိုမို ရွေးချယ် လိုခဲ့ ကြပါတယ် ။ နောက်တန်း ၃ ယောက် ထဲ မှာ ဘက်ကင် ဘောင်ဝါ နဲ့ မာဒီနီ တို့ ကို အကြိုက် တူခဲ့ ပေမယ့် ကာဖူး ကို တော့ မကြိုက်သူတွေ များခဲ့ကြ ပါတယ် ။

ဝေဖန်ခံရမှု အများဆုံး ဖြစ်ခဲ့တဲ့ ကွင်းလယ် မှာတော့ ပီလီ ၊ မာရာဒိုနာ ၊ လိုသာမားသီးယပ်စ် နဲ့ ဇာဗီ တို့ ရွေးချယ် ခံခဲ့ကြရ ပါတယ် ။ ပရိသတ်တွေ ကတော့ မာရာဒိုနာ တစ်ဦး ကိုသာ သဘောကျခဲ့ ကြပြီး ဇီဒန်း ၊ ရော်နယ်ဒင်ဟို ၊ ပီယာလို ၊ ပလာတီနီ ၊ ယိုဟန် ခရပ်ဖ် တို့လို ဒိတ်ဒိတ်ကျဲ ဂန္ထဝင်တွေ မပါဝင် ခဲ့မှု အပေါ် အားရ ကျေနပ်ခြင်း မရှိ ခဲ့ကြပါဘူး ။

တိုက်စစ် ကဏ္ဍ ကတော့ အငြင်းအခုန် ဖြစ်မှု မရှိသလောက် နည်းခဲ့ ပါတယ် ။ ရွှေဘောလုံး ကို ၆ ကြိမ် နဲ့ အများဆုံး ရယူသူ အဖြစ် ရပ်တည် နေတဲ့ လီယွန်နယ် မက်ဆီ ဟာ ဘောလုံး သမိုင်း ရဲ့ အကျော် အမော်တွေ ဖြစ်တဲ့ ရိုနယ်ဒို ၂ ဦး ( ဘရာဇီး နဲ့ ပေါ်တူဂီ ) နဲ့ အတူ ရွေးချယ် ခံခဲ့ရပြီး ဒီ ၃ ဦး ဟာ ဘောလုံး သမိုင်း တစ်လျောက် အကောင်းဆုံး တိုက်စစ် သမားတွေ ဖြစ်တယ် ဆိုတာကို ငြင်းချက် ထုတ်သူ အလွန်နည်းပါး ခဲ့ကြ ပါတယ် ။

ဒီလိုမျိုး စိတ်တိုင်း မကျမှုတွေကို သတိပြုမိ ခဲ့တဲ့ France Football ဟာ ပရိသတ်တွေ စိတ်ကြိုက် ရွေးချယ် နိုင်ဖို့ အွန်လိုင်း ဗုတ်တင် စနစ် နဲ့ အသင်းသစ် တစ်ခုကို ဖွဲ့စည်း ပေးခဲ့ ပါတယ် ။ အဲ့ဒိ အသင်းမှာ တော့ ပရိသတ်တွေ ရွေးချယ် ပေးခဲ့တဲ့ Dream Team အသင်းသားသစ် တွေ ပါဝင် လာခဲ့ ပါတယ် ။

သူတို့ တွေ ကတော့ –
ဂိုး – ဘူဖွန်
နောက်တန်း – ကာဖူး ၊ ဘက်ကင်ဘောင်ဝါ ၊ မာဒီနီ
အလယ်တန်း – ဇီဒန်း ၊ ပီယာလို ၊ ဇာဗီ ၊ မာရာဒိုနာ
ရှေ့တန်း – မက်ဆီ ၊ ရိုနယ်ဒို ၊ ခရစ္စတီယာနို ရိုနယ်ဒို တို့ပဲ ဖြစ်ကြပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular