spot_img

ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့် အပြီး ဝန်ခံမှု တခု ပြုလုပ်လာတဲ့

လွန်ခဲ့တဲ့ ရက်သတ္တပတ် ၂ပတ် ကျော်ကျော် ကပဲ လေဗာကူဆင် အသင်း ကနေ ချဲလ်ဆီး အသင်း သို့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ နဲ့ ရောက်ရှိလာခဲ့တဲ့ ဂျာမန် လူငယ် ကွင်းလယ် ကြယ်ပွင့် ကစားသမား ကိုင်ဟာဗက်ဇ် ဟာ အင်္ဂလန် မှာ စတင် အခြေချလို့ မကြာသေးခင်မှာပဲ ချဲလ်ဆီး အသင်း အတွက် ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့် ရရှိခဲ့ပါတယ် ။

ဘရိုက်တန် နဲ့ အဖွင့်ပွဲမှာပဲ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ဟာ ဟာဗက်ဇ် ကို ပရီးမီးယားလိဂ် အရသာ ကို စတင် မြည်းစမ်းခွင့် ပေးခဲ့ပေမယ့် ၊ ကစားသမား ဖက်ကတော့ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ် ။ ဒါဟာလည်း အကြောင်း အချို့ကြောင့် ဖြစ်နိုင်ပါတယ် ။

myan789

ချဲလ်ဆီး ကစားသမားသစ် ဖြစ်လာပြီးနောက် အသင်းလိုက် လေ့ကျင့်မှု က ရက်ပိုင်းသာ ရှိသေးခြင်း နဲ့ မိမိ အားသန်တဲ့ ကွင်းလယ် တိုက်စစ် မှာ ကစားခွင့် မရခဲ့ခြင်း က ဟာဗက်ဇ် အတွက် ပုံစံကောင်း တရပ် ကို ရရှိဖို့ အခက်တွေစေခဲ့တဲ့ အဓိက အကြောင်းပြချက် ၂ချက် ဖြစ်ပါတယ် ။

နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ကလည်း ပွဲအပြီး အင်တာဗျူး မှာ ဟာဗက်ဇ် ဖက်က အပြည့်အဝ ကာကွယ်မှု ပေးခဲ့ကာ ၊ ဘရိုက်တန် နဲ့ ပွဲချိန် အတွင်း ဟာဗက်ဇ် ဆီကနေ တောက်ပတဲ့ အရိပ်အယောင် တချို့ မြင်တွေ့ခဲ့ရတယ် လို့သာ မှတ်ချက် ပေးခဲ့ပါတယ် ။

ချဲလ်ဆီး တီဗွီ နဲ့ ပွဲအပြီး အင်တာဗျူး မှာတော့ ဂျာမန် ကြယ်ပွင့်လေး ဟာဗက်ဇ် က ဘရိုက်တန် နဲ့ ပွဲအတွက် သူဟာ အသင်းလိုက် ပြင်ဆင်ချိန် ရက်ပိုင်းသာ ရခဲ့ကြောင်း ဖွင့်ဟလာခဲ့သလို ၊ ပရီးမီးယားလိဂ် ဟာ ဘွန်ဒက်စ်လီဂါ ထက် ပိုမို ခက်ခဲကြောင်း လည်း ဝန်ခံလာခဲ့ပါတယ် ။

ဟာဗက်ဇ် က ” ဒီပွဲဟာ ကျွန်တော့ အတွက် အရမ်း ခက်ခဲခဲ့ပါတယ် ။ ဘာလို့လဲ ဆိုတော့ အားလပ်ရက် အကြာကြီး ဖြတ်သန်းခဲ့ပြီးမှ ကျွန်တော် ဟာ ချဲလ်ဆီး အသင်း နဲ့ ပူးပေါင်းခဲ့တာ ၅ရက် ၊ ၆ရက်လောက်ပဲ ရှိသေးလို့ပါ ။ ဒီထက် အရေးကြီးတာ က ကျွန်တော်တို့ ဒီနေ့ပွဲကိူ အနိုင်ရခဲ့တာပါပဲ ။ ”

” ဒါကြောင့်မို့ ကျွန်တော့ ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့် အတွက် အရမ်း ပျော်ရွှင်နေပါတယ် ။ ပရီးမီးယားလိဂ် ဟာ ဘွန်ဒက်စ်လီဂါ က အဆများစွာ ပိုမို ခက်ခဲပါတယ် ။ ကျွန်တော် ဟာ လေ့ကျင့်ရေး အစီအစဉ်တွေက ပြင်ဆင်မှုတွေမှာ ကတည်းက ဒါကို မြင်တွေ့ခဲ့ပြီးသား ဖြစ်သလို ၊ တကယ့်ပွဲမှာလည်း ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ရပါပြီ ။ ”

” ဒါပေမယ့် ဒီနေ့ပွဲမှာ မိနစ် ၈၀ အထိ ပါဝင်ခွင့် ရခဲ့လို့ ၊ ကျွန်တော် အရမ်း ကျေနပ် ပျော်ရွှင်မိသလို ၊ လာမယ့် အပတ်မှာလည်း အသင်း အတွက် ဆက်လက် ကစားပေးနိုင်ဖို့ မျှော်လင့်နေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဘရိုက်တန် နဲ့ ပွဲမှာ ဟာဗက်ဇ် သာမက ချဲလ်ဆီး တသင်းလုံး ရဲ့ အချိတ်အဆက် ရစ်သမ် ကလည်း အားရစရာ မကောင်းခဲ့ပါဘူး ။ သို့ပေမယ့် လိုအပ်တဲ့ အဖွင့် နိုင်ပွဲ ကို ရှာဖွေသွားနိုင်ခဲ့တာ က လာမယ့် တနင်္ဂနွေနေ့မှာ ရင်ဆိုင်ရမယ့် လီဗာပူး နဲ့ ပွဲအတွက် စိတ်ဓာတ်ပိုင်း ဆိုင်ရာ အထောက်အကူ ပေးလာနိုင်ပါတယ် ။

လီဗာပူး နဲ့ စတမ်းဖို့ဒ်ဘရစ်ချ် မှာ ရင်ဆိုင်ရမယ့် ပွဲအပေါ် ဟာဗက်ဇ် က ” ဟုတ်ပါတယ် ။ သူတို့ဟာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ကလပ် တွေထဲက တသင်းပါ ။ ကျွန်တော် တို့ဟာ သူတို့ အပေါ်မှာ လေးစားမှု ထားပေမယ့် ၊ ကျွန်တော် တို့ဟာလည်း ကြီးကျယ်တဲ့ ကလပ် တသင်း ဖြစ်ပါတယ် ။ ”

” ကျွန်တော်တို့ အတွက်ရော ၊ သူတို့ အတွက်ပါ ဒီပွဲက ခက်ခဲတဲ့ ပွဲဖြစ်လာမှာပါ ။ ဒီပွဲအတွက် ပြင်းပြင်းထန်ထန် ပြင်ဆင် ကြိုးစားသွားမှာ ဖြစ်သလို ၊ အနိုင် ၃မှတ် ရှာဖွေဖို့ ကျွန်တော်တို့မှာ အခွင့်အရေး ရှိတယ် လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular