spot_img

နှစ်သစ်မှာ ယူနိုက်တက်တို့ ဆုတောင်းကြမယ့် တစ်ခုတည်းသော အရာက ဘာဖြစ်နေမလဲဆိုတာ ပြောပြလိုက်တဲ့ နည်းပြဟောင်း မြူလန်စတင်း

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ နည်းပြဟောင်း တစ်ဦး ဖြစ်သူ ရီနီ မြူလန်စတင်း က လက်ရှိ အသင်းမှာ ဘရူနို ဖာနန်ဒက်စ် ရဲ့ နေရာကို အစားထိုး နိုင်တဲ့ ကစားသမား ဆိုလို့ ပေါ့လ် ပေါ့ဂ်ဘာ နဲ့ ဒွန်နီ ဗန်ဒီ ဘိခ် တို့သာ ရှိကြောင်း ၊ ဒါပေမယ့် တူညီတဲ့ အကျိုး သက်ရောက်မှု ကိုတော့ ပေးဆောင် နိုင်ကြမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဒီတစ်ပါတ် ယူနိုက်တက်တို့ လက်စတာ စီးတီး အသင်းနဲ့ 2 – 2 ဆိုတဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ ပွဲစဉ်မှာ ဘရူနို ဖာနန်ဒက်စ်ဟာ အသင်း အတွက် ကိုယ်တိုင် တစ်ဂိုး သွင်းယူ ၊ တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ ပါတယ် ။ အခုတော့ သူက တစ်နှစ် အတွင်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ယူနိုက်တက် အတွက် 14 ဂိုး သွင်းယူ 8 ကြိမ် ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ ပါပြီ ။

myan789

ဒါကြောင့် သူဟာ တစ်နှစ်တာ အချိန် ကာလ အတွင်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဂိုး + ဖန်တီးမှု အများဆုံး လုပ်ဆောင် နိုင်ခဲ့သူ ဖြစ်သွား ခဲ့ရ ပါတယ် ။ ဥရောပ ထိပ်သီးလိဂ် 5 ခုမှာတော့ ဘရူနို ထက် ပိုပြီး ဂိုး + ဖန်တီးမှု လုပ်ဆောင် နိုင်ခဲ့တဲ့ ကစား သမား ဆိုလို့ လီဝန်ဒေါစကီး နဲ့ မက်ဆီ တို့ နှစ်ဦးသာ ရှိနေကြပါတော့တယ် ။

ဒါ့အပြင် လက်စတာ နဲ့ ပွဲစဉ်မှ သွင်းဂိုးကြောင့် ဘရူနို ဖာနန်ဒက်စ် ဟာ ခရစ္စတီယာနို ရော်နယ်ဒို နောက်ပိုင်း ပရီးမီးယား လိဂ် ပြိုင်ပွဲမှာ 10 ဂိုး အထိ သွင်းယူ နိုင်ခဲ့တဲ့ ပထမဆုံး ပေါ်တူဂီ နိုင်ငံသား ဖြစ်သွားခဲ့ရ ပါတယ် ။ ဒါ့ကြောင့် သူဟာ ယူနိုက်တက် အသင်း အတွက် အရမ်းကို အကျိုးပြု ပေးနိုင် ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ရ ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ မြူလန်စတင်း က နှစ်သစ်မှာ ယူနိုက်တက်တို့ ဆုတောင်း ကြမယ့် တစ်ခုတည်းသော အရာက အခုလို အထူး တောက်ပ နေခဲ့တဲ့ အဓိက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ဒဏ်ရာ ပြသနာ မရရှိ စေရေး ၊ ပွဲပယ် မခံရရေးပဲ ဖြစ်နေ လိမ့်မယ်လို့ သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” နှစ်သစ်မှာ ယူနိုက်တက်တို့ ဆုတောင်း သွားကြမယ့် တစ်ခုတည်းသော အရာက ဘရူနို ဖာနန်ဒက်စ် ဒဏ်ရာ ပြသနာ မရရှိစေဖို့ ၊ ပွဲပယ် မခံရဖို့ပဲ ဖြစ်နေ လိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ် ။ သူ့ရဲ့ စွမ်းအင် တွေက အံ့မခန်း ပါပဲ ။ သူ့ရဲ့ သွင်းဂိုးကို ပြန်လည် ကြည့်ရှု လိုက်ပါ ၊ အဲ့တာက လုံးဝကို ကောင်းမွန် နေခဲ့ ပါတယ် ”

” သူ ပြေးလွှား သွားတဲ့ အရှိန်နဲ့ ကာဗာနီ ဆီက ဘောလုံး ပေးပို့မှု တွေဟာ လုံးဝ အချိန်ကိုက် ဖြစ်သွား ခဲ့ရ ပါတယ် ။ ပြီးတော့ ဘရူနို ဖာနန်ဒက်စ် ဘောလုံး ရလိုက်ပြီ ဆိုရင် ရပ်ရှ်ဖို့ တို့လို တိုက်စစ် ကစားသမား တွေဟာ အချိန်ကိုက် နေရာယူ ကြဖို့ လိုအပ်လှ ပါတယ် ။ သူဟာ အသင်း အတွက် အရမ်း ၊ အရမ်းကို အရေးကြီးတဲ့ ကစားသမား ပါပဲ ”

” သူဟာ ရစ်သမ် တစ်ခုကို ပေးနိုင်ပါတယ် ။ သူက winner တစ်ယောက်ပါ ။ သူဟာ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ပါတယ် ။ သူက ဂိုးတွေ ဖန်တီး ပေးနိုင်သလို ဖန်တီးမှ တွေကိုလည်း လုပ်ဆောင် ပေးနိုင်ပါတယ် ။ ယူနိုက်တက် အသင်းမှာ ဒီနေရာ အတွက် အစားထိုး ကစားပေးနိုင်မယ့် ကစားသမားတွေ ရှိနေ ပါတယ် ”

” ပေါလ် ပေါ့ဂ်ဘာ နဲ့ ဗန်ဒီ ဘိခ် တို့ ဒီ နေရာမှာ ကစား ပေးနိုင်ကြ ပါတယ် ။ ဒါပေမယ့် တူညီတဲ့ အကျိုး သက်ရောက်မှုတော့ ပေးစွမ်း နိုင်ကြမှာ မဟုတ် ပါဘူး ။ ကျွန်တော် ကတော့ ဘရူနိုရဲ့ စွမ်းအင် ကောင်းမွန်မှု အပေါ် အရမ်းကို အထင်ကြီးမိ ပါတယ် ။ သူဟာ ကြောက်ရွံ့စိတ် မရှိပဲ အလုပ် ကြိုးစား နေဖို့ အတွက် အသင့်ရှိ နေတတ်သူ တစ်ဦး ပါပဲ ”

” သူဟာ ဘောလုံး ပေးပို့မှု တွေနဲ့ ပြိုင်ဖက်ကို စိတ်ဒုက္ခ ပေးနိုင်တဲ့ ကစားသမားမျိုး ပါပဲ ။ သူဟာ အဝေးကနေ ဘောလုံး ကန်သွင်းဖို့ တွေဝေ မနေတတ် ပါဘူး ။ သူက ယူနိုက်တက်တို့ အရမ်းကို မှီခို နေရတဲ့ ကစားသမား တစ်ယောက်ပါ ။ သူဟာ မရှိရင် ယူနိုက်တက် ရဲ့ ကစားပုံကို ထိခိုက် စေပါ လိမ့်မယ် ” လို့ မြူလန်စတင်း က ဘရူနို အကြောင်း အမွှမ်းတင် ခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular