spot_img

နွေရာသီတွင် ကစားသမားသစ် (၆)ဦးခေါ် ယူရန် ဘာစီလိုနာပစ်မှတ်ထားနေ

ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းအားကြီးမားသည့်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားရန် စီစဉ်နေပြီး ကစားသမား (၆)ဦးအထိ ခေါ်ယူသွားမည်ဖြစ်ကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

ဘာစီလိုနာအသင်းအနေဖြင့် ပြီးခဲ့သည့် ဧပြီလအတွင်းက အေစီမီလန်အသင်းမှ အိုင်ဗရီကို့စ်ကွင်းလယ်လူ ကက်ဆီးနှင့် ချယ်လ်ဆီးအသင်းမှ ဒိန်းမတ်နောက်ခံလူ ခရစ္စတန်ဆင်တို့အားခေါ်ယူနိုင်ရန် အကြိုသဘောတူညီမှုရရှိထားပြီဟု သတင်းများထွက်ပေါ် ခဲ့ပြီး ယင်းကစားသမား (၂)ဦးအပါဝင် နောက်ထပ်ကစားသမား (၄)ဦး ထပ်မံခေါ်ယူနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

myan789

ဘာစီလိုနာအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းမှ ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီး၊ ချယ်လ်ဆီးအသင်းမှ စပိန်နောက်ခံလူများဖြစ်သည့် အက်ဇ်ပီလီကွယ်တာနှင့် မားကို့စ်အလွန်ဆို၊ မန်စီးတီးအသင်းမှ ပေါ်တူဂီကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားတို့ကို ခေါ်ယူရန် ထပ်မံပစ်မှတ်ထားနေပြီး ယင်းကစားသမား (၆)ဦးထဲမှ အနည်းဆုံး (၄) ဦးအား အရခေါ်ယူနိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular