မန်ယူအသင်းတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် ၎င်း၏နံရံပုံတူပန်းချီ ဖျက်ဆီးခံရခြင်း အတွက် ပြင်ဆင်ရန် ကောက်ခံရရှိထားသည့် ရန်ပုံငွေကို ပြန်လည်လှူဒါန်းသွားမည်ဖြစ် ကြောင်း သိရသည်။
မန်ချက်စတာမြို့ရှိ နံရံတစ်ခုပေါ်တွင် ရေးဆွဲထားသည့် ရပ်ရှ်ဖို့ဒ်၏ပုံတူပန်းချီကား မှာ ယူရို-၂၀၂၀ ဗိုလ်လုပွဲတွင် ၎င်း ပယ်နယ်တီ လွဲချော်ပြီးနောက် ဖျက်ဆီးခံခဲ့ရသည်။
ထို့ပြင် ရပ်ရှ်ဖို့ဒ်အပါအဝင် ဆန်ချို၊ ဆာကာတို့ လူမျိုး ရေးခွဲခြားခံရသဖြင့် ၎င်းတို့ကို အားပေးသည့် စာများ ထောင်နှင့်ချီ၍ ယင်းနံရံပေါ်တွင် လာကပ်ထားကြသလို နံရံပန်းချီကိုပြင်ဆင်ရန်အတွက် ပရိသတ်များက ရန်ပုံငွေကောက်ခံရာ ပေါင် ၄ဝဝဝဝ နီးပါးရရှိခဲ့သည်။
ရပ်ရှ်ဖို့ဒ်က ယင်းငွေကြေးကို FareShare ရန်ပုံငွေအဖွဲ့အတွက် လှူဒါန်း၍ အနည်းငယ်ကိုသာ ပုံတူပန်းချီပြင်ဆင်ရန် အသုံးပြုမည်ဖြစ်သည်။