spot_img

နေးရှင်းလိဂ်မှာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တဲ့ ဆမ်မာရီနို

ဆမ်မာရီနိုအသင်းဟာ တနင်္လာနေ့ညတုန်းက လက်ချင်စတိန်းအသင်းကို နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအနိုင်ယူနိုင်ခဲ့တဲ့ပွဲအဖြစ် သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။

အဆိုပါပွဲမှာ ဆမ်မာရီနိုအသင်းအနေနဲ့ ပထမဆုံးအကြိမ် ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ၄ ပွဲကစားပြီးနောက် ဆမ်မာရီနိုအသင်းဟာ League D မှာ ထိပ်ဆုံးနေရာရပ်တည်နိုင်ခဲ့တာကြောင့် League C ကို တက်ရောက်နိုင်ခဲ့ပါတယ်။

myan789

ဒါ့အပြင် ၁၂ မှတ်ကနေ ၇ မှတ်အထိ ရယူနိုင်ခဲ့တာကြောင့် ဂျီဘရော့တာအသင်းက ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့်ရပ်တည်မှုအဆိုးဝါးဆုံးဖြစ်နေတဲ့ ဆမ်မာရီနိုအသင်းဟာ နောက်တစ်ဆင့်တက်နိုင်ခဲ့ပြီဖြစ်တာကြောင့် ခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

ဆမ်မာရီနိုအသသင်းဟာ မိနစ် ၄၀ အထိ ပြိုင်ဘက်အသင်းရဲ့ဦးဆောင်ခြင်းခံခဲ့ရပေမယ့် ဒုတိယပိုင်းမှာ လာဇာရီ ၊ နီကိုလို ၊ အလက်ဆန်ဒရိုတို့ရဲ့ဂိုးတွေနဲ့ လက်ချင်စတိန်းကိုပြန်လည်အနိုင်ယူနိုင်ခဲ့ပါတယ်။

ဆမ်မာရီနိုအသင်းဟာ ကမ္ဘာ့အဆင့် ၂၁၀ မှာ ရပ်တည်နေပြီး လာမယ့် ၂၀၂၆ – ၂၇ နေးရှင်းလိဂ်မှာ ကစားခွင့်ရဖို့ စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular