spot_img

နောက်ထပ် လစာ လျှော့ချမယ့် အစီအစဉ်ကြောင့် ၊ ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ ကစားသမားတစ်ချို့ ကို လက်လွှတ် ဆုံးရှုံးရဖွယ် ရှိနေတဲ့ ဘာစီလိုနာ

ဘာစီလိုနာ ဟာ အသင်းမှာ ရှိတဲ့ အားကစား နဲ့ မသက်ဆိုင်တဲ့ ဝန်ထမ်းတွေ အပြင် ၊ ဘောလုံးသမားတွေ ၊ နည်းပြတွေ အပါအဝင် ဝန်ထမ်း အားလုံး နီးပါးကို လစာလျှော့မှုတွေ ပြုလုပ်ဖို့ အတွက် ၊ ဥပဒေကြောင်း ဆိုင်ရာ ပြင်ဆင်မှုတွေ ကို စတင်နေပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ကလပ်အသင်းရဲ့ ဘဏ္ဍာရေး စာရင်းကို ထုတ်ပြန် ကြေငြာခဲ့ရာမှာ စုစုပေါင်း အရှုံးငွေ ယူရို 97 သန်း အထိ ရှိနေတယ်လို့ ဖော်ပြခဲ့ပြီး နောက်ပိုင်း လစာ လျှော့ချမှု အစီအစဉ်ကို လုပ်ဆောင်ဖို့ အားထုတ်လာတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကလပ် အသင်းမှာ ရှိတဲ့ ဌာန တစ်ခုချင်းစီ ကနေ ကိုယ်စားလှယ် တစ်ယောက်ဆီ ရွေးချယ်ကြဖို့ အတွက် 15 ရက် အချိန်ပေးထားပါတယ်။ အဲဒီ ကနေ ထွက်ပေါ်လာခဲ့တဲ့ ကိုယ်စားလှယ်တွေဟာ ဥက္ကဌကြီး ဘာတိုမြူ နဲ့ ဘုတ်အဖွဲ့ဝင်တွေ နဲ့ တွေ့ဆုံကာ လစာ လျှော့ချမယ့် အစီအစဉ် အတွက် ဘယ်လို လုပ်ဆောင်သင့်သလဲ ဆိုတာ ဆွေးနွေး အဖြေရှာကြမှာ ဖြစ်ပါတယ်။

myan789

စီနီယာ ဘောလုံး အသင်းရဲ့ ကိုယ်စားလှယ် အဖြစ်တော့ အသင်းခေါင်းဆောင် မက်ဆီ က ရှေ့ထွက်လာဖွယ် ရှိနေပါတယ်။သို့သော် ကလပ် တစ်ခုလုံး ရဲ့ လစာ ပေးချေမှု ကို ကြည့်လိုက်ရင် စီနီယာ ဘောလုံး အသင်းက အများဆုံး ဖြစ်နေတာကြောင့် ၊ အခု အစီအစဉ် နဲ့ ပတ်သက်ပြီး ကစားသမား အားလုံးက လက်ခံ ပေးမှာ မဟုတ်တာ သေချာပါတယ်။

အထူးသဖြင့် ဘာစီလိုနာ အသင်းရဲ့ အဓိက ဝင်ငွေ လမ်းကြောင်းဟာ စီနီယာ ဘောလုံးအသင်း ကနေ ရရှိလာတဲ့ အချက်ကြောင့်ပဲ ၊ ကစားသမားတွေ ရဲ့ သဘောထားက တူညီမှာ မဟုတ်ပါဘူး လို့ ဆိုရမှာပါ။

လက်ရှိ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ တစ်လစာ ပေးချေမှု ကို ရက် 20 စာ နဲ့ တွက်ချက်ပြီး ပေးချေသွားမယ့် အဆိုကို တင်သွင်းသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။
ဒီ အစီအစဉ်ဟာ Sports နဲ့ သက်ဆိုင်ခြင်း မရှိတဲ့ ဌာနတွေ အတွက် သင့်တော်နေပေမယ့် ၊ အသက် 35 နှစ် အတွင်းမှာပဲ ဖိအားပေါင်း များစွာအောက်ကနေ ဝင်ငွေတွေကို အလုအယက် ရှာဖွေကြရတဲ့ ဘောလုံးသမားတွေ ကတော့ လက်ခံကြမယ် မထင်ပါဘူး။

အထူးသဖြင့် ကစားသမား တစ်ယောက်ချင်းစီဟာ ကိုယ်ပိုင် အေးဂျင့်တွေ ၊ ရှေ့နေတွေ ရှိနေကြတဲ့ အတွက်လဲ တန်ပြန် အငြင်းပွားမှုတွေက ပေါ်ပေါက်လာဖွယ် ရှိနေတယ်လို့ သုံးသပ်ရပါတယ်။

အဲဒီလို အဖြစ်မျိုးတွေ ကြိုပြီး မြင်နေတာကြောင့် ဘာစီလိုနာ ဟာ မျက်နှာချင်းဆိုင် အစည်းအဝေး မထိုင်ခင် ကတည်းက “ဗိုင်းရပ် ပြသနာကြောင့် လစာ” လျှော့ချရတယ် ဆိုတဲ့ အချက်ကို ခိုင်မာစေဖို့ ၊ ဥပဒေကြောင်း အရ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

စပိန် က သတင်းထောက်တွေ ကတော့ ကစားသမား တစ်ချို့ဟာ ဇန်နဝါရီ ကာလမှာပဲ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားလာဖွယ် ရှိနေတယ်လို့ သုံးသပ်နေကြပါတယ်။
ဘာစီလိုနာဟာ မတ်လ အတွင်းမှာ တုန်းကလဲ စပိန် အစိုးရ အစီအစဉ် နဲ့ အတူ လစာ ပမာဏ 70% အထိ လျှော့ပေမယ့် ၊ အဲကာလ က ဇွန်လ ထဲမှာပဲ သက်တမ်းကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ အသင်းသား တစ်ချို့က အဲဒီ အချိန် ကတည်းက လစာ လျှော့ယူလိုက်ရတာ ကို သဘော မတွေ့ခဲ့သလို ၊ မက်ဆီ ကိုယ်တိုင်က ဝေဖန်မှု တစ်ချို့ ကို ပြောဆိုထားခဲ့တာပါ။
ဒါကြောင့် ဒီတစ်ကြိမ် မှာလဲ ဘယ်လို စကားသံတွေ ထပ်ပြီး ထွက်ပေါ်လာဦးမလဲ ဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

အနှစ်ချုပ် ရရင် ဘုတ်အဖွဲ့ ရဲ့ စီမံ ခန့်ခွဲမှုတွေဟာ ကွင်းအတွင်း အောင်မြင်မှုတွေကိုပါ ထိခိုက်တဲ့ အပြင် ၊ ကစားသမားတွေ ရဲ့ အပေါ်ကိုလဲ သက်ရောက်မှုတွေ ကြီးမားလာခဲ့ပါပြီ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular