မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ အန်တိုနီ ၊ မာစီရယ် နဲ့ တော်မီနေး တို့ ဟာ ဒဏ်ရာ အသီးသီးကြောင့် ဖေဖော်ဝါရီလ ကုန်ခါနီးအထိ အနားယူရမယ်လို့ သတင်း ကြားသိရ ပါတယ် ။

ဒါကြောင့် သူတို့ ၃ ယောက်ဟာ ဘာစီလိုနာ နဲ့ ကစားရမယ့် ယူရိုပါလိဂ် ရှုံးထွက် ပထမ အကျော့ကို ပါဝင် နိုင်တော့မှာ မဟုတ်ပါဘူး ။
ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ဟာ နွေရာသီမှာ ဒွန်နီ ဘန်ဒီဘိ နဲ့ ဟယ်ရီ မက်ဂွဲယား တို့ကို ရောင်းချ သွားဖို့လည်း ဆုံးဖြတ် ထားပြီလို့ ကြားသိရ ပါတယ် ။
မန်ယူနိုက်တက် ၊ စပါး နဲ့ ချဲလ်ဆီး တို့က စိတ်ဝင်စား နေတဲ့ စပိန် ဂိုးသမား ဒေးဗစ် ရေယာ ဟာ ရာသီ အကုန်မှာ ဘရန့်ဖိုဒ့် အသင်းကနေ ထွက်ခွာဖို့ စိတ်ကူး နေပြီလို့ သတင်း ထွက်လာခဲ့ ပါတယ် ။

အာဆင်နယ် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဆု ကတော့ ပြန်လည် အားမွေးနေတဲ့ အဆင့်မှာသာ ရှိနေ သေးပြီး ပြန် ကစားနိုင်ဖို့ လိုအပ် နေသေးတယ်လို့ နည်းပြ အာတီတာ က ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။
အာဆင်နယ် ကစားသမားဟောင်း ရေးပါလာ ကတော့ အော်ဘားမီးယန်း အနေနဲ့ အမေရိက လိဂ် ကို သွားရောက် ကစားသင့်ကြောင်းနဲ့ ဂါဘွန် တိုက်စစ်မှူး ရဲ့ လက်ရှိ လုပ်ခကို ဥရောပ က ဘယ် အလယ်အလတ် အသင်းကမှ ပေးချေလိုမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ ပါတယ် ။

လီဗာပူး အသင်းကတော့ သူတို့ရဲ့ ပစ်မှတ် ဖြစ်ခဲ့ဖူးတဲ့ နာပိုလီ ကွင်းလယ်လူ ဇီလင်စကီး ကို ပြန်လည် စိတ်ဝင်စားလာခဲ့တယ်လို့ သိရှိရ ပါတယ် ။

အေစီမီလန် ဟာ နွေရာသီမှာ လီဗာပူး နဲ့ စာချုပ် သက်တမ်းကုန်မယ့် ကွင်းလယ်လူ နာဘီ ကီတာ ကို အလွတ် နဲ့ ခေါ်ယူနိုင်ဖို့ စိတ်ဝင်စား နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ချဲလ်ဆီး အသင်းဟာ ဝါရင့် ခံစစ်မှူးကြီး သီယာဂို ဆေးလ်ဗား ကို ၂၀၂၄ အထိ တနှစ် သက်တမ်း ထပ်တိုး လိုက်တယ်လို့ သတင်း ကြားသိရ ပါတယ် ။

ရီးရဲ နည်းပြ အန်ဆယ်လော့တီ ကတော့ ဘရာဇီး လက်ရွေးစင် အသင်း နည်းပြ ရာထူးအတွက် အဖြေပေး လိုက်ပြီ ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့သလို သူ နဲ့ ရီးရဲ တို့ဟာ ၂၀၂၄ အထိ စာချုပ် ရှိနေသေးတယ် လို့ အဖြေပေး သွားခဲ့ ပါတယ် ။