လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ယခုအပြောင်းအရွှေ့စျေးကွက်တွင် နောက်ခံလူသစ်ခေါ်ယူမည့်ကိစ္စကို သေချာမသိရှိကြောင်း မီဒီယာများ၏မေးမြန်းမှုကို ပြန်လည်ဖြေကြား ခဲ့သည်။
ယာဂန်ကလော့ပ်က ”ကျွန်တော်တို့ရဲ့ လူစာရင်းထဲမှာပဲ ဖြေရှင်းနည်းတွေရှိတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရဆဲပါ။ အချိန်အများ စုကတော့ ခံစစ်ပြဿနာပဲပေါ့။ ဒီပြဿနာက စလိုက်ပြီးရင် မရပ်တော့တဲ့ပုံစံမျိုးဖြစ်ပါတယ်။ လက်ရှိလူစာရင်းနဲ့ ဖြေရှင်းနည်းတွေရှိပါတယ်။ စျေးကွက်မှာ တစ်ခုခုလုပ်မှာလားလို့ မေးရင်တော့ ကျွန်တော် မသိပါဘူး။ အားလုံးလည်းသိတဲ့အတိုင်း ဒီစျေးကွက်က အရမ်းခက်ခဲပါတယ်။ အသင်းအားလုံးဆီမှာ ပိုက်ဆံရှိနေတာ မဟုတ်ပါဘူး။ တစ်စုံတစ်ဦးကို ဝယ်ရုံလေးဝယ်လိုက်တာက ရူးမိုက်ပါတယ်။ မှန်ကန်တဲ့လှုပ်ရှားမှုကိုလုပ်မှ ပညာရှိမှာပါ။ အခုအချိန်အထိတော့ ကျွန်တော်တို့ဟာ လုပ်ခဲ့သမျှနဲ့ပတ်သက်ပြီး ကျေနပ် မှုရှိပါတယ်”ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းတွင် စီနီယာဗဟိုနောက်ခံလူများဖြစ်ကြသော ဗန်ဒိုက်၊ ဂျိုးဂိုးမက်ဇ်တို့သည် ဒဏ်ရာကြောင့် ကာလကြာရှည်အနားယူရမည်ဖြစ်ပြီး မာတစ်သည်လည်း တစ် လနီးပါး အနားယူရမည်ဖြစ်သည်။
ထို့ပြင် မာတစ်သည် ဒဏ်ရာမကြာခဏရတတ်သော နောက်ခံလူဖြစ်ရာ လီဗာပူးလ်အသင်း၏ ဗဟိုခံစစ်တွင် လူအင်အားမလုံလောက်မှု ဖြစ်ပေါ်နေပြီး ကွင်းလယ်လူ ဖာဘင်ညိုနှင့် လူငယ်နောက်ခံလူများက ဖြည့်ဆည်းကစားပေးနေရသည်။