spot_img

နေမာနှင့် ဘာပေတို့အား PSG အသင်းမှထွက်ခွာရန် ကာရေဂါ တိုက်တွန်း

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါက PSG အသင်း၏ နာမည်ကျော်တိုက်စစ်မှူးများဖြစ်သည့် နေမာနှင့် ဘာပေတို့အား အသင်းမှထွက်ခွာရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

နေမာနှင့် ဘာပေတို့သည် ၂၀၂၂ ခုနှစ်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။

myan789

ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ် PSG (၀-၁) ဘိုင်ယန်မြူးနစ်ပွဲကို CBS Sport ရုပ်သံတွင် သုံးသပ်တင်ဆက်ခဲ့သည့် ကာရေဂါက နေမာနှင့် ဘာပေတို့ကဲ့သို့ အရည်အချင်းရှိသူများမှာ အဆင့်နိမ့်ကျသည့် ပြင်သစ်လီဂူးပြိုင်ပွဲတွင် မကစားသင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကာရေဂါက “နေမာတို့ ဘာပေတို့လို အရည်အချင်းရှိတဲ့ ကစားသမားတွေက PSG အသင်းမှာ မကစားသင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ သူတို့အနေနဲ့ အဆင့်နိမ့်ပြီး သာမန်လိဂ်လေးတစ်ခုဖြစ်တဲ့ ပြင်သစ်လီဂူးမှာ မကစားသင့်ပါဘူး။ သူတို့လို အရည်အချင်းမျိုးရှိတဲ့ ကစားသမားတွေဟာ ပြင်သစ်လိဂ်မှာ တစ်ပတ်ပြီး တစ်ပတ်ကစားနေတာ နှမြောစရာကောင်းပါတယ်။ သူတို့အနေနဲ့ ပိုကောင်းတဲ့လိဂ်ကို ပြောင်းရွှေ့ကစားသင့်တာပါ”ဟု ပြောကြားခဲ့သည်။

သို့သော် နေမာက မိမိအနေဖြင့် PSG အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုမည်ဟု ဘိုင်ယန်မြူးနစ်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ဘာပေမှာမူ PSG အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် စဉ်းစားနေဆဲဖြစ်ပြီး လာမည့်နွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular