spot_img

နာမည်ကြီးရုံဖြင့် ပွဲထွက်ခွင့်မရနိုင်ကြောင်း အဲရစ်ဆင်အား ကွန်တီ သတိပေး

အင်တာမီလန်နည်းပြ ကွန်တီက အသင်းကွင်းလယ်လူ အဲရစ်ဆင်အား နာမည်ကြီးရုံဖြင့် ပွဲထွက်ခွင့်ရမည်မဟုတ်ကြောင်း သတိပေးပြောကြားခဲ့သည်။

အသက် (၂၈)နှစ်အရွယ်ရှိ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်သည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလက စပါးအသင်းမှ အင်တာမီလန်အသင်း ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသူဖြစ်သည်။

myan789

အင်တာမီလန်အသင်းနည်းပြ ကွန်တီက အဲရစ်ဆင်အနေဖြင့် ယခုထက်ပိုမိုခြေစွမ်းကောင်းရန် လိုအပ်နေသေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အဲရစ်ဆင်အနေနဲ့ ရောက်စကထက် တိုးတက်လာပေမယ့် ပိုကောင်းလာဖို့ လိုအပ်နေသေးပါတယ်။ သူဟာ ရည်မှန်းချက်မြင့်မားတဲ့အသင်းကို ပြောင်းရွှေ့လာတာဖြစ်လို့ တောင်းဆိုမှုကလည်း များပါတယ်။ အီတလီတွေက မျှော်မှန်းချက်ကြီးမားသူတွေဖြစ်ပြီး နာမည်ကြီးလေ မျှော်လင့်ချက်က ပိုများလေပါပဲ။ အင်္ဂလန်မှာတော့ ဒီလောက်ဖိအား မများပါဘူး။ ကျွန်တော်ကတော့ ပွဲထွက်လူစာရင်း ရွေးချယ်တဲ့အခါ ပိုကောင်းသူတွေကိုပဲ ရွေးပါတယ်။ နာမည်တွေကို ကျွန်တော် မကြည့်ပါဘူး။ အသင်းကောင်းကျိုးနဲ့ အသင်းစိတ်ဓာတ်ပိုင်း ပိုကောင်းတာမျိုးကိုပဲ ကျွန်တော် လိုချင်တယ်။ ကစားသမားတွေအနေနဲ့ ကိုယ့်လုပ်နိုင်စွမ်းအပေါ်မှာ ယုံကြည်မှု ရှိဖို့ လိုအပ်ပါတယ်”ဟု ကွန်တီက ပြောကြားခဲ့သည်။

အဲရစ်ဆင်သည် အင်တာမီလန်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၁၆)ပွဲတွင် (၃)ဂိုး သွင်းယူထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular