ဂျူဗင်တပ်စ်နည်းပြ ပီယာလိုက အသင်းတိုက်စစ်ကစားသမား ဒီဘားလားအနေဖြင့် နာပိုလီအသင်းနှင့်ပွဲတွင် ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် (၂၇)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်ကစားသမား ဒီဘားလားသည် ဒူးဒဏ်ရာကြောင့် ပြီးခဲ့သည့်ဇန်နဝါရီလကတည်းက အနားယူနေရခဲ့ပြီး ဂျူဗင်တပ်စ်အသင်း၏ပွဲစဉ်တော်တော်များများကို လွဲချော်ခဲ့ရသည်။
သို့သော် ဒီဘားလားအနေဖြင့် ဒဏ်ရာပြန်လည်သက်သာလာပြီဖြစ်ပြီး ယနေ့(မတ်လ ၇ ရက်)တွင် နာပိုလီအသင်းနှင့်ကစားမည့် စီးရီးအေအိမ်ကွင်းပွဲစဉ်တွင် ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း ပီယာလိုက ပြောကြားခဲ့ခြင်းဖြစ်သည်။
ပီယာလိုက “ဒီဘားလား အဆင်ပြေပါတယ်။ အသင်းနဲ့အတူ လေ့ကျင့်ခန်းနေပြီး နာပိုလီနဲ့ပွဲမှာ ပါဝင်ကစားဖို့ အသင့်ဖြစ်နေပါပြီ။ သူ့အနေနဲ့ ပွဲချိန်ပြည့်ကစားနိုင်ဦးမှာ မဟုတ်ပေမဲ့ သူ ကစားနိုင်တော့မယ်ဆိုတာက အသင်းအတွက် အရမ်းအရေးပါပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့ပြင် ပီယာလိုက နာပိုလီအသင်းနှင့်ကစားမည့်ပွဲမှာ မိမိတို့အတွက် အလွန်အရေးပါသည့်ပွဲစဉ်တစ်ပွဲဖြစ်ပြီး အနိုင်(၃)မှတ် ရရှိရေးအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။