spot_img

နာပိုလီတိုက်စစ်မှူး အိုဆင်မန်ထက် ပရီးမီးယားလိဂ်တွင် သက်သေပြပြီးသား ဟာရီကိန်းအား ခေါ်ယူရန် ယူနိုက်တက်အသင်းကို နောက်ခံလူဟောင်း ယပ်စတမ်း တိုက်တွန်း

မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ယပ်စတမ်းက အသင်းဟောင်းအနေဖြင့် လာမည့်နွေရာသီတွင် နာပိုလီတိုက်စစ်မှူး အိုဆင်မန်ထက် ပရီးမီးယားလိဂ်တွင် သက်သေပြပြီးသား စပါးတိုက်စစ်မှူး ဟာရီကိန်းကိုသာ ခေါ်ယူရန် တိုက်တွန်းပြောကြားခဲ့သည်။ 

မန်ချက်စတာယူနိုက်တက်အသင်းသည် ၂၀၂၂ နိုဝင်ဘာတွင် ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုနှင့် လမ်းခွဲပြီးကတည်းက ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ သို့သော် မအောင်မြင်ခဲ့သဖြင့် လာမည့်နွေရာသီတွင် ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ခေါ်ယူရန် အသည်းအသန်ကြိုး ပမ်းနေပြီး စပါးတိုက်စစ်မှူး ဟာရီကိန်း၊ နာပိုလီတိုက်စစ်မှူး အိုဆင်မန်၊ ဘင်ဖီကာတိုက်စစ်မှူး ဟယ်မို့စ်နှင့် ဖရန့်ဖတ်တိုက်စစ်မှူး မူအာနီတို့ကို ပစ်မှတ်ထားနေကြောင်း သိရှိရသည်။ 

myan789

မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် ဟာရီကိန်းကို နံပါတ် (၁) အဖြစ် ကြိုးပမ်းနေသော်လည်း နောက်ပိုင်းတွင် နာပိုလီတိုက်စစ်မှူး အိုဆင်မန်ကို ခေါ်ယူူမည့်သတင်းများမှာ ကျယ်ကျယ် ပြန့်ပြန့်ထွက်ပေါ်လာသည်။ မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ယပ်စတမ်းကမူ အသင်းဟောင်းအနေဖြင့် နာပိုလီတိုက်စစ်မှူး အိုဆင်မန်ကိုခေါ်ယူမည်ဆိုပါက သတိထားသင့်ကြောင်းနှင့် ဟာရီကိန်းက ပိုမိုသင့်တော်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ယပ်စတမ်း က “ဟာရီကိန်းက ပရီးမီးယားလိဂ်အကြောင်းကို ကောင်းကောင်းသိပါတယ်။ သူဟာ ပရီးမီးယားလိဂ်မှာ စပါးအသင်း နဲ့အတူ သက်သေပြပြီးသားဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးဂိုးသွင်းသမားလည်း ဖြစ်ပါတယ်။ ဒီတော့ ဟာရီကိန်းကိုသာ ခေါ်ယူနိုင်မယ်ဆိုရင် ယူနိုက်တက်အတွက် အရမ်းကောင်းတဲ့ခေါ်ယူမှု ဖြစ်လာပါလိမ့်မယ်။ အိုဆင်မန်ကတော့ ကွဲပြားခြားနားတဲ့ ကစားသမားပါ။ ဒါပေမဲ့ သူ့အနေနဲ့ ပရီးမီးယားလိဂ်နဲ့ ရင်းနှီးဖို့ အချိန်လိုပါတယ်။ သူက မြန်တဲ့ကစားသမားဖြစ်ပေမဲ့ အထိုင်ကျဖို့ ရုန်းကန်ရမှာပါ”ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ယပ်စတမ်းက မန်ယူနည်းပြ တန်ဟက်ဂ်အနေဖြင့် ၎င်း၏ကစားကွက်နှင့်ကိုက်ညီမည့် တိုက်စစ်မှူးကိုသာ ခေါ်သင့်ကြောင်းလည်း တိုက်တွန်းပြောကြားခဲ့သည်။ 

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular