spot_img

နယူးကာဆယ်အသင်းကို ဆော်ဒီလုပ်ငန်းရှင်များ ဝယ်ယူခဲ့ပြီး လာမည့်(၃)နှစ်အတွင်း အင်အားကြီးအသင်းဖြစ်လာအောင် ပြင်ဆင်မည်

ဆော်ဒီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ(PIF)သည် နယူးကာ ဆယ်အသင်း၏ ရှယ်ယာ(၈၀%)ကို ပေါင်(၃၀၅)သန်းဖြင့် ဝယ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဆော်ဒီလုပ်ငန်းရှင်များသည် ယမန်နှစ်ကတည်းက နယူးကာဆယ်အသင်းကို လွှဲပြောင်းဝယ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်မှုများစွာကြောင့် ယင်းအစီအစဉ်မှာ ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။

myan789

နယူးကာဆယ်အသင်းပရိသတ်များအတွင်း ယင်းအရောင်းအဝယ်ကို ဖြစ်စေလိုသူနှင့် မဖြစ်စေလိုသူများရှိသလို၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဂျာနယ်လစ်များကမူ ဝေဖန်ပြစ်တင်မှုများပြုလုပ်ခဲ့ကြသည်။

အထူးသဖြင့် ဆော်ဒီနိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ အရှုပ်အထွေးများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများကို နိုင်ငံ တကာအသိုင်းအဝိုင်းက ထောက်ပြခဲ့ကြခြင်းဖြစ်ပြီး နောက်ဆုံးတွင် ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကလည်း ယင်းအရောင်း အဝယ်ကို အသိအမှတ်ပြုပေးရန် ငြင်းဆန်ခဲ့သည်။

သို့ရာတွင် နယူးကာဆယ်အသင်းပိုင်ရှင်ဖြစ်သူ မိုက်ခ်အက်ရှ်လေသည် အသင်းကိုရောင်းချမည့် အစီအစဉ်ကို ဆက်လက်ပြုလုပ်ခဲ့ပြီး လွှဲပြောင်းရောင်းချသည့်အစီအစဉ်ကို အသိအမှတ်ပြုခြင်းမရှိပါက ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကိုပါ နိုင်ငံတကာအားကစားခုံရုံးတွင် တရားစွဲဆိုရန် စီစဉ်မှုများလည်း ရှိလာခဲ့သည်။

နောက်ဆုံးတွင် (၁၈)လ ကြာမြင့်ခဲ့သည့် အသင်းလွှဲပြောင်းရောင်းချမှုကိစ္စမှာ ပြေလည်မှုရရှိခဲ့ခြင်းဖြစ်ပြီး ကြာသပတေးနေ့တွင် အရောင်းအဝယ်အပြီးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ အရောင်းအဝယ်ဖြစ်မြောက်ကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက် နယူးကာဆယ်အသင်း၏ ပရိသတ်များသည် စိန့်ဂျိမ်းစ်ပတ်ခ်ကွင်း အပြင်ဘက်တွင် စုဝေးကာ အောင်ပွဲခံမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

နယူူးကာဆယ်ပရိသတ်များက ပိုင်ရှင်သစ်များအနေဖြင့် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့တွင်ပင် အားဖြည့်ပြင်ဆင်မှုများ ပြုလုပ်ပေးလိမ့်မည်ဟု မျှော်လင့်နေကြသလို၊ ဗြိတိန်မီဒီယာများကလည်း ပိုင်ရှင်သစ်များသည် လာမည့် (၃)နှစ်အတွင်း ပေါင်သန်း(၂၀၀)ကျော် အသုံးပြုအားဖြည့်၍ အင်အားကြီးအသင်းဖြစ်လာအောင် ပြင်ဆင်သွားမည်ဟု သတင်းရရှိကြောင်း၊ ၂၀၂၅ ခုနှစ်၌ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန်အထိ ရည်မှန်းထားကြောင်း၊ ယင်းအစီအစဉ်မှာ ဘဏ္ဍာရေး စည်းမျဉ်းနှင့်လည်း ကိုက်ညီကြောင်း ဖော်ပြခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular