spot_img

နယူးကာဆယ်နှင့်ပွဲတွင် ဆာလာအား လူစားလဲခြင်းကို ယာဂန်ကလော့ပ် ရှင်းလင်း

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က နယူးကာဆယ်အသင်းအား အနိုင်ရသည့်ပွဲတွင် အသင်းတိုက်စစ်ကစားသမား ဆာလာအား လူစားလဲခြင်းကို ပွဲအပြီးတွင် ရှင်းလင်းပြောကြားခဲ့သည်။

ဒီဇင်ဘာ (၁၆)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ် (၃-၁) နယူးကာဆယ်ပွဲတွင် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်သည် ပွဲချိန် (၇၄)မိနစ်တွင် ဆာလာကိုထုတ်ကာ ဖေမီနိုကို လူစားဝင်ကစားစေခဲ့ခြင်းဖြစ်သည်။

myan789

ယင်းပွဲတွင် လီဗာပူးလ်အတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့သည့် ဆာလာသည် လူစားလဲခံရချိန်တွင် ဒေါသထွက်သည့်ပုံစံမျိုး မြင်တွေ့ခဲ့ရသည်။

သို့သော် ယာဂန်ကလော့ပ်က (၃)ရက် တစ်ပွဲနှုန်း ကစားနေရသည့် ဆာလာကို အနားပေးရန် လူစားလဲခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယာဂန်ကလော့ပ်က “ဒီနေ့ပွဲမှာ သူ့ကို နည်းနည်းစောပြီး အနားပေးလိုက်တာ မှန်ပါတယ်။ ကျွန်တော်တို့အသင်းဟာ (၃)ရက် တစ်ပွဲနှုန်း ကစားနေရတာပါ”ဟု ပြောကြားခဲ့သည်။

နယူးကာဆယ်နှင့်ပွဲတွင် တစ်ဂိုးသွင်းယူပေးခဲ့သည့် ဆာလာသည် ပရီးမီးယားလိဂ်တွင် (၁၅)ပွဲဆက်တိုက် ဂိုးပါဝင်ပတ်သက်မှု(သွင်းဂိုး+ဂိုးဖန်တီးမှု) ပြုလုပ်နိုင်ခဲ့သည့် လက်စတာဝါရင့်တိုက်စစ်မှူး ဗာဒီ၏စံချိန်ကို လိုက်မီခဲ့ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular