spot_img

နယူးကာဆယ်က ပရီးမီးယားလိဂ်တွင် ထိပ်သီး(၇)သင်း ဖြစ်လာစေနိုင်ပြီး ချန်ပီယံဆုကို (၇)သင်းစလုံးစိန်ခေါ်လာနိုင်မည်ဟု တော့ဒ်ဘိုလေ သုံးသပ်

ချယ်လ်ဆီးအသင်း၏ ပိုင်ရှင်သစ် တော့ဒ်ဘိုလေက နယူးကာဆယ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ထိပ်သီး(၆)သင်း Big Six မှ ထိပ်သီး(၇)သင်း Big Seven ဖြစ်လာစေမည်ဟု ယုံကြည်ကြောင်းနှင့် မကြာမီ ချန်ပီယံဆုကို အားလုံးစိန်ခေါ်နိုင်သည့်အခြေအနေ ရောက်လာလိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။

တော့ဒ်ဘိုလေသည် ချယ်လ်ဆီးအသင်းကို ရုရှားသူဌေး အေဘရာမိုဗစ်ချ်ထံမှ ပြန်လည်ဝယ်ယူခဲ့သလို၊ နယူးကာဆယ်အသင်းမှာလည်း ဆော်ဒီလုပ်ငန်းရှင်များလက်အောက်သို့ ရောက်ရှိခဲ့သည်။

myan789

ထို့ကြောင့် ပရီးမီးယားလိဂ်၏ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာတော့မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားကြသလို၊ တော့ဒ်ဘိုလေကလည်း ယခုကဲ့သို့ သုံးသပ်ခဲ့ခြင်းဖြစ်သည်။

နယူးကာဆယ်အသင်းနှင့် ပတ်သက်၍ တော့ဒ်ဘိုလေက ”နယူးကာဆယ်အသင်းကို ဆော်ဒီသူဌေးတွေ ပိုင်ဆိုင်ခဲ့တာကြောင့် Big Six ကနေ Big Seven ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ ထိပ်သီးအသင်းအားလုံး ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အခြေအနေ ရောက်လာပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

နယူးကာဆယ်အသင်းသည် ပြီးခဲ့သည့်ရာသီက တန်းဆင်းအန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခြေအနေ ဖြစ်ခဲ့သော်လည်း ဆော်ဒီလုပ်ငန်းရှင်များ၏ ပိုင်ဆိုုင်မှုအောက်သို့ ရောက်ရှိခဲ့ပြီးနောက် နည်းပြအပြောင်းအလဲ၊ ကစားသမားအားဖြည့်မှုများပြုလုပ်ကာ တန်းဆင်းဇုန်မှ လွတ်မြောက်ရုံသာမက အဆင့်(၁၁)နေရာတွင် ရပ်တည်နိုင်ခဲ့သည်။

ထို့ပြင် ဆော်ဒီသူဌေးများ၏ ပိုင်ဆိုင်မှုမှာ ပရီးမီးယားလိဂ်ပြိုင်ဘက်အားလုံးထက် များစွာသာလွန်နေသည့်အတွက် ထိပ်သီးအသင်းတစ်သင်း ဖြစ်လာလိမ့်မည်ဟု လေ့လာသူများက အစောပိုင်းကတည်းက ထင်ကြေးပေးခဲ့ကြသည်။

ယခု တော့ဒ်ဘိုလေက ထပ်မံသုံးသပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆုအား စိန်ခေါ်နိုင်သည့်အသင်းဖြစ်အောင် ဦးဆောင်သွားမည်ဟု ပရိသတ်များအား ကတိပေးထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular