spot_img

နည်းပြ ဘဝ ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဖက် အသင်း အမည်ကို ပြောပြလိုက်တဲ့ Ballon D’Or Dream Team ရဲ့ နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန်

ဆာ အဲလက်စ် ဖာဂူဆန် ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဆယ်စုနှစ် နှစ်ခုခွဲကျော်ကို င်တွယ် နည်းပြ ပေးခဲ့တဲ့ ဂန္တဝင် နည်းပြဟောင်း တစ်ဦး ဖြစ်ပြီး ဆုဖလား အောင်မြင်မုှတွေ များစွာ ရယူ ပေးနိုင်ခဲ့တဲ့ ဘောလုံး လောက ရဲ့ အကောင်းဆုံး နည်းပြ တစ်ဦးလည်း ဖြစ်နိုင်ခဲ့ ပါတယ် ။

အဆိုပါ နှစ်ပေါင်း များစွာ အတွင်း မှာတော့ သူဟာ ကောင်းသထက် ကောင်းတဲ့ ပြိုင်ဖက် အသင်း များစွာ နဲ့ ရင်ဆိုင် ခဲ့ဖူးသူ ဖြစ်ပြီး အဲ့ဒီ ထဲက ရင်ဆိုင်ရ အခက်ခဲဆုံး အသင်း အကြောင်း အမေးမြန်း ခံလိုက် ရချိန် မှာတော့ 2011 ခုနှစ် တုန်းက စပိန် ထိပ်သီး ဘာစီလိုနာ အသင်းကို ရွေးချယ် သွားခဲ့ ပါတယ် ။

myan789

ဖာဂူဆန်ဟာ နည်းပြ ဘဝ အတွင်း ဥရောပ မြေမှာ ဘာစီလိုနာ အသင်း နဲ့ မကြာခန ရင်ဆိုင်ခဲ့ဖူးသူ ဖြစ်ခဲ့ပြီး အနိုင် ရလဒ် ရယူ ထားနိုင်ခဲ့ သလို အရှုံး ရလဒ် တွေကိုလည်း ပိုင်ဆိုင် ထားနိုင်ခဲ့ ပါတယ် ။ အဲ့ဒီ ထဲမှာတော့ အောင်မြင်မှု အလီလီ ရယူ နိုင်ခဲ့တဲ့ ပက် ဂွာဒီယိုလာ ရဲ့ အသင်းက သူ့အတွက် ရင်ဆိုင်ရ ခက်ခဲလွန်းခဲ့ ပါတယ် ။

အဲ့ဒီထဲမှာတော့ 2011 ခုနှစ် တုန်းက ချန်ပီယံလိဂ် ဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူး သွားခဲ့တဲ့ ၊ ပြိုင်ပွဲ အစုံမှာ ရပ်တန့်လို့ မရနိုင်အောင် ဖြစ်ခဲ့တဲ့ ဘာစီလိုနာ အသင်း ကိုတော့ ဘောလုံး လောကရဲ့ အကောင်းဆုံး အသင်း တစ်သင်း ဖြစ်ကြောင်း ဘောလုံး ပရိသတ် တိုင်းက တညီတညွတ် လက်ခံ ထားခဲ့ကြ ပါတယ် ။

အဆိုပါ ဘောလုံး ရာသီက ယူနိုက်တက်တို့ဟာ ချန်ပီယံလိဂ် ဖိုင်နယ်မှာ ဘာစီလိုနာ အသင်းကို 3 – 1 နဲ့ ရှုံးခဲ့ကြ ပါတယ် ။ အဲ့ဒီ အချိန်က ဆာ အဲလက်စ် ဖာဂူဆန် ကိုယ်တိုင် သူတို့ တွေဟာ ဥရောပ အကောင်းဆုံး အသင်း ဖြစ်ကြောင်း ၊ သူ ရင်ဆိုင် ခဲ့တဲ့ အသင်းတွေ အနက် အကောင်းဆုံး ဖြစ်ကြောင်း ဝန်ခံ ချီးကျူး ခဲ့ပါ သေးတယ် ။

” သူတို့ တွေဟာ ဥရောပရဲ့ အကောင်းဆုံး အသင်း ပါပဲ ။ ဒီအတွက် မေးခွန်း ထုတ်စရာ အကြောင်း မရှိ ပါဘူး ။ ကျွန်တော့် ရဲ့ မန်နေဂျာ ဘဝ သက်တမ်း တစ်လျှောက် အတွင်းမှာ သူတို့ တွေက ကျွန်တော် ရင်ဆိုင်ခဲ့ သမျှထဲ အကောင်းဆုံး အသင်း ဖြစ်ခဲ့ရတယ်လို့ ကျွန်တော် ပြောချင် ပါတယ် ”

” ဒါကို လူတိုင်းလူတိုင်း သိရှိကြပါလိမ့်မယ် ။ ကျွန်တော်လည်း ဒါကို ချွင်းချက်မရှိ လက်ခံ ပါတယ် ။ ခင်ဗျား အနေနဲ့ ဒီလို ကောင်းကောင်းကြီး ရှုံးနိမ့် သွားခဲ့ ရတဲ့ ပွဲစဉ်မှာ အခြား နည်းလမ်း ရှိမလား ဆိုပြီး တွေးတောလို့ မရနိုင် ပါဘူး ။ ဘယ် အသင်း ကမှ ကျွန်တော် တို့ကို ဒီလောက် အထိ အကြပ်အတည်း ဖြစ်အောင် မလုပ်ဆောင် နိုင်ခဲ့ကြ ပါဘူး ”

” ဒါက သူတို့အတွက် ခမ်းနားလွန်းတဲ့ အခိုက်အတန့် ဖြစ်သွားခဲ့ရ ပါတယ် ။ သူတို့ တွေဟာ ဆုဖလားနဲ့ ထိုက်တန် လွန်းခဲ့ကြ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ တွေဟာ အမှန်ကန်ဆုံး နည်းလမ်း နဲ့ ဘောလုံး ကစားပြ နိုင်ခဲ့ကြတာ ဖြစ်ပြီး ပွဲစဉ်ကိုပါ ပျော်ရွှင် ခံစား နိုင်ခဲ့ကြလို့ ပါပဲ ” လို့ ဖာဂူဆန် က ပြောသွားခဲ့ပါတယ် ။

အခုတော့ Ballon D’Or ရဲ့ Dream Team ရွေးချယ် ခဲ့ရာမှာ အဆိုပါ အသင်းရဲ့ နည်းပြ အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဆာ အဲလက်စ် ဖာဂူဆန် က သူ့ရဲ့ နည်းပြ ဘဝ ရင်ဆိုင်ရ အခက်ခဲဆုံး အသင်း အကြောင်း အမေးမြန်း ခံလိုက် ရတဲ့ အချိန် မှာလည်း မက်ဆီ ၊ ဇာဗီ ၊ အင်နီယေစတာ တို့ ပါဝင်ခဲ့တဲ့ 2011 ခုနှစ်က အသင်းကို ရွေးချယ် သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော့်ဆီက အထင်ကြီးလိုစိတ်တွေကို ရယူ နိုင်ခဲ့တဲ့ အသင်း အကြောင်း ပြောရမယ် ဆိုရင် ဝင်ဘလေမှာ ရင်ဆိုင်ခဲ့ရတဲ့ ဘာစီလိုနာ အသင်းကိုပဲ ရွေးချယ်ချင် ပါတယ် ။ 2011 ချန်ပီယံလိဂ် ဖိုင်နယ်မှာ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ ရတဲ့ အသင်းပေါ့ဗျာ ။ သူတို့တွေက ယှဉ်ကစားလို့ မရနိုင်တဲ့ အသင်းမျိုး ဖြစ်ခဲ့ကြ ပါတယ် ” လို့ ဖြေကြား သွားခဲ့လိုက် ပါတယ် ။

လက်တလော အချိန်မှာတော့ ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ ပျံ့နှံ့မှုနှုန်းတွေဟာ ဆိုးရွားလွတ်း နေခဲ့တဲ့အတွက် Ballon D’ Or ဆုပေးပွဲကို ဒီနှစ် မကျင်းပ ဖြစ်ခဲ့ ပါဘူး ။ ဒီအတွက် ပြင်သစ် ဘောလုံး အဖွဲ့က Ballon D’ Or ရဲ့ သမိုင်း တစ်လျှောက် အကောင်းဆုံး အသင်းကို ရွေးချယ် ပေးသွားခဲ့ ပါတယ် ။ 3-4-3 ကစားကွက်နဲ့ ခင်းကျင်းထားတဲ့ အဆိုပါ အသင်းထဲ ပါဝင်ခဲ့သူတွေ ကတော့…

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular