ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF) ဥက္ကဋ္ဌ လီဂရက်စ်က ယူရို-၂၀၂၀ ပြိုင်ပွဲ ရှုံးထွက်(၁၆)သင်းအဆင့်မှ ပြင်သစ်အသင်းထွက်ခွာပြီးနောက် အသင်းနည်းပြ ဒေးရွှမ့်နှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြင်သစ်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားရယူပေးခဲ့သူ ဒေးရွှမ့်သည် ပြင်သစ်အသင်းနှင့် ၂၀၂၂ နှစ်ကုန်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း ရာထူးအတွက် အာမမခံနိုင်ဟု လီဂရက်စ်က ပြောကြားခဲ့သည်။
လီဂရက်စ်က ”အရင်တုန်းက မျှော်လင့်သလို ဖြစ်ခဲ့ပေမဲ့ ဒီပြိုင်ပွဲမှာတော့ ဘာမှမအောင်မြင်ခဲ့ပါဘူး။ လာမယ့်ရက်သတ္တပတ်အတွင်း ဒေးရွှမ့်နဲ့ ကျွန်တော်တို့ ဆွေးနွေးရမှာပါ”ဟု ပြောကြားခဲ့သည်။
ဒေးရွှမ့်သည် ယူရိုပြိုင်ပွဲမတိုင်မီက ပြင်သစ်လက်ရွေးစင်အသင်းကို ဆက်လက်ကိုင်တွယ်သွားလိုကြောင်း ပြောကြားခဲ့ဖူးသည်။