သတင်းတွေအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ နောက်ခံလူ ကာဗာဂျယ်တစ်ယောက် ဗီလာရီးရဲလ်ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဒူးအရွတ်ကြောဒဏ်ရာမရခင် စာချုပ်သက်တမ်းတိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အသက် ၃၂ နှစ်သားရဲ့စာချုပ်သက်တမ်းက လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး ၂၀၂၆ အထိ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တာဖြစ်ပါတယ်။
“ရီးရဲလ်အသင်းဘက်က ကာဗာဂျယ်ကို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တယ်ဆိုတာကို ကြေညာချင်ပါတယ်။ ၂ ဦး ၂ ဖက်သဘောတူညီမှုလည်း ရရှိပြီးသားပါ။ စာချုပ်သစ်ကြောင့် စပိန်သားဟာ ၂၀၂၆ အထိ အသင်းမှာ ဆက်ရှိနေတော့မှာပါ။
ရီးရဲလ်အသင်းဘက်က သူ့အတွက် အရာအားလုံးပံ့ပိုးပေးမှာဖြစ်ပြီး မကြာခင်မှာ အလျင်အမြန်ပြန်လာနိုင်ဖို့ ဆုတောင်းပေးနေပါတယ်”လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ကာဗာဂျယ်ဟာ ရီးရဲလ်အသင်းနဲ့ ၄၂၇ ပွဲအထိ ပါဝင်ကစားပေးထားပြီး ဆုဖလား ၂၆ လုံးအထိ ရယူထားနိုင်ခဲ့ပါတယ်။
ရီးရဲလ်အသင်းရဲ့ဆယ်စုနှစ်အောင်မြင်မှုတော်တော်များများမှာ ကာဗာဂျယ်က ကြီးမားတဲ့နေရာကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။
ကာဗာဂျယ်ဟာ ရီးရဲလ်အသင်းထံ ၂၀၀၂ ခုနှစ်တုန်းက ဆယ်နှစ်အရွယ်မှာတင်ရောက်လာခဲ့တာဖြစ်ပြီး ဒူးအရွတ်ဒဏ်ရာကြောင့် လအနည်းငယ်လောက်နားရနိုင်တယ်လို့ သိရပါတယ်။