PSG အသင်း၏ နည်းပြဖြစ်သူ ပိုချက်တီနိုက ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရရှိခဲ့သည့် ပွဲစဉ်အပြီးတွင် ကစားသမားများ၏ ခြေစွမ်းနှင့် စိတ် ဓာတ်ပိုင်းကို ချီးကျူးပြောကြားခဲ့ပြီး ဒုတိယအကျော့ပွဲစဉ်ကလည်း အလွန်ခက်ခဲဦးမည်ကို သိရှိထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
PSG အသင်းသည် ဘိုင်ယန်မြူးနစ်အသင်းကို အဝေးကွင်းတွင် အနိုင်ရရှိခဲ့သည့်အပြင်၊ အဝေးဂိုး (၃) ဂိုးအထိ ရရှိခဲ့ခြင်းအတွက် ဆီမီးဖိုင် နယ်အတွက် အလားအလာကောင်းများကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
ပိုချက်တီနိုက “ရလဒ်အတွက်ရော၊ ကစားသမားတွေရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်အတွက်ပါ ကျွန်တော် အရမ်းဝမ်းသာပါတယ်။ သူတို့က လက်ရှိ ဥရောပရဲ့ အကောင်းဆုံးအသင်းကို အခက်တွေ့အောင်လုပ်နိုင်ခဲ့ကြတယ်။ နိုင်ပွဲတစ်ပွဲရရင် ကိုယ်ဆုံးဖြတ်ခဲ့တဲ့အရာတွေကို ရှင်းပြရတာ အရမ်းလွယ်ကူပြီး၊ လူတိုင်းကလည်း နည်းပြရဲ့နည်းဗျူဟာနဲ့ ပတ်သက်ပြီး ဘယ်လောက်မှန်ကန်တဲ့ ရွေးချယ်မှုတွေလုပ်ခဲ့သလဲဆိုတာကိုပဲ တွေးလေ့ရှိပါတယ်။ တကယ် တော့ တကယ်အသိအမှတ်ပြုသင့်တာက ကစားသမားတွေဖြစ်ပြီး သူတို့က ပွဲရလဒ်ရဲ့အဓိကဇာတ်ကောင် တွေဖြစ်ပါတယ်။ ဒါကြောင့် ဒီနို်င်ပွဲအတွက်ကစားသမားတွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ နောက်ထပ် မိနစ် (၉၀)ကို ဖြတ်သန်းရဦးမှာဖြစ်ပြီး ဒုတိယအကျော့က ဘယ်လောက် ခက်မလဲဆိုတာကိုလည်း ကျွန်တော်တို့ ကြိုသိပြီးသားပါ”ဟု ဆိုခဲ့သည်။
ခံစစ်ပိုင်းအမှားများကြောင့် ရှုံးနိမ့်ခဲ့သော်လည်း ဘိုင်ယန်မြူးနစ်အသင်းသည် PSG အသင်းဘက်သို့ ဂိုးကန်သွင်းခွင့်အကြိမ်ကြိမ် ရယူနိုင်ခဲ့ပြီး ပိုမိုကောင်းမွန်သည့်ခြေစွမ်းကို ပြသနိုင်ခဲ့သည်။