ဂန်းနား ကစားသမားဟောင်း ပေါလ်မာဆင် က ဘရန့်ဖိုဒ့် တိုက်စစ်မှူး အိုင်ဗန် တိုနေးဟာ အာဆင်နယ် အသင်း နဲ့ လုံးဝ အံဝင်ခွင်ကျ ဖြစ်မယ့် တိုက်စစ်မှူးမျိုး ဖြစ်တာကြောင့် သူသာ အာဆင်နယ် အသင်း နေရာမှာဆို မရရအောင် ခေါ်ယူမှာ ဖြစ်တယ်လို့ ပြောကြား သွားခဲ့ပါတယ် ။
” လာမယ့်နှစ်မှာလည်း သူ ဘရန့်ဖိုဒ့်မှာပဲ ဆက်ရှိနေဦးမယ်ဆိုရင် ကျနော် အံ့ဩ တုန်လှုပ်မိမှာပါ ။ ကျနော် သာ အာဆင်နယ် အသင်း တာဝန်ရှိသူဆို တိုနေး ကို ရအောင် ခေါ်မှာပါ ၊ သူက အာဆင်နယ် အသင်းနဲ့ လုံးဝ အံ့ကိုက် ဖြစ်ပြီး လိုက်ဖက်မယ့် တိုက်စစ်မှူးမျိုးပါ ၊ တစ်ခါတစ်လေမှာ ဂျေးဇု နဲ့ ရေရှည် သွားလို့ မဖြစ်တာကို ခင်ဗျားတို့လည်း သတိထားမိကြပါလိမ့်မယ် ။ ”
” ဒါပေမယ့် တိုနေး ကိုသာ ခေါ်နိုင်ရင်တော့ ရေရှည် သွားလို့ ရပါတယ် ။ သူက အမြင့်ဘောလည်း အားကောင်း သလို ဦးနှောက်လည်း ကောင်းတဲ့ ကစားသမား တစ်ဦးပါ ၊ နောက်ပြီး ပွဲအခြေအနေကို ကောင်းကောင်း နားလည် သဘောပေါက်တဲ့ တိုက်စစ်မှူးပါ ။ “‘ လို့ ပြောကြား သွားခဲ့ပါတယ် ။
အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး တိုနေး ဟာ မနေ့က နော်တင်ဟမ် ဖောရက်စ် အသင်း နဲ့ ပွဲမှာ သူ့ရဲ့ ဒီရာသီ လိဂ် သွင်းဂိုး ၂၀ ဂိုးမြောက်ကို သွင်းယူ နိုင်ခဲ့ပါတယ် ။ ဒီရာသီမှာ တိုနေး ထက် လိဂ် သွင်းဂိုး ပိုများသူဆိုလို့ ဟာလန်း(၃၃ ဂိုး) နှင့် ဟယ်ရီကိန်း(၂၄ဂိုး) တို့သာ ရှိပါတော့တယ် ။
တိုနေး ဟာ ဒီရာသီ ခါရာဘောင်း ဖလားမှာလည်း ဘရန့်ဖိုဒ့် အသင်းအတွက် တစ်ဂိုး သွင်းထားတာကြောင့် ပြိုင်ပွဲစုံ ၂၁ ဂိုး အထိ သွင်းယူ ထားနိုင်သူပါ ။ ဒီရာသီ အာဆင်နယ် အသင်း ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား မာတင်နယ်လီ ထက် တိုနေး ဟာ သွင်းဂိုး ၆ ဂိုး ပိုမို သွင်းယူ ထားတာ ဖြစ်ပါတယ် ။