ဂျုဗင်တပ်စ်အသင်းရဲ့ အီတလီ တောင်ပံကစားသမား ဖရက်ဒရစ်ကို ခီယေဆာဟာ ဒီနွေမှာ ဂျုဗင်တပ်စ်ကနေ သေချာပေါက် ထွက်ခွာသွားရတော့မှာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ ကလပ်အသင်းတွေထဲကမှ ဘာစီလိုနာအသင်းဆီကိုပဲ ပြောင်းရွှေ့ချင်နေတယ်လို့ သိရှိရပါတယ်။
ဘာစီလိုနာအသင်းကလည်း ဘယ်တောင်ပံနေရာအတွက် ဘီလ်ဘာအိုအသင်းရဲ့ စပိန် တောင်ပံကစားသမား နီကို ဝီလီယံစ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပေမယ့်လည်း ဒီနွေဈေးကွက်မှာ ခေါ်ယူဖို့က မဖြစ်နိုင်တော့တဲ့အတွက် တခြား options တွေကိုပဲ ပြောင်းလဲ ချိန်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာရဲ့ တောင်ပံ options တွေထဲမှာ အီတလီ ဘယ်တောင်ပံကစားသမား ခီယေဆာလည်း ပါဝင်လို့နေပြီး ခီယေဆာဟာလည်း ဒီနွေမှာပဲ ဂျုဗင်တပ်စ်အသင်းကနေ သေချာပေါက် ရောင်းထုတ်ခံရဖို့ ရှိနေတဲ့အတွက် ဘာစီလိုနာအနေနဲ့ ခီယေဆာကို ခေါ်ယူမယ်ဆိုရင် အလွယ်တကူ ခေါ်ယူနိုင်မယ့် အခြေအနေတွေ ရှိနေပါတယ်။
ခီယေဆာ ကိုယ်တိုင်ကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲကမှ ဘာစီလိုနာအသင်းဆီကိုပဲ ပြောင်းရွှေ့သွားချင်နေပြီး ဘာစီလိုနာကတော့ ခီယေဆာအတွက် ပြောင်းရွှေ့ကြေး ယူရို (၁၅)သန်းခန့်လောက်အထိ အသုံးပြုသွားရဖွယ်လည်း ရှိနေပါတယ်။
ဒါပေမယ့် ဘာစီလိုနာက တောင်ပံနေရာအတွက် ခီယေဆာ တစ်ဦးတည်းသာမကဲ ဘိုင်ယန်မြူးနစ်က ကင်စလေ ကိုးမန်းနဲ့ အေစီမီလန်က ရာဖယ်လ် လီယာအိုတို့ကိုပါ ပစ်မှတ်ထားနေပါသေးတယ်။ ဒါပေမယ့် လီယာအိုကို ခေါ်ယူဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သလို ကိုးမန်းကလည်း အငှား ခေါ်ယူမှုနဲ့သာ ခေါ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် အလိုရှိနေတဲ့ ကစားသမားတွေထဲကမှ ဈေးအသက်သာဆုံး ဖြစ်နေတဲ့ ခီယေဆာကိုပဲ ဘာစီလိုနာဘက်က ခေါ်ယူသွားရဖို့ ရှိနေပေမယ့် ခီယေဆာအတွက် ယူရို (၁၅)သန်းထက် ကျော်လွန်ပြီး ပေးချေသွားဖို့ လုံးဝ ဆန္ဒမရှိတာကြောင့် ဂျုဗင်တပ်စ်က သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပိုမို တောင်းဆိုလာမယ်ဆိုရင် ဘာစီလိုနာက ခီယေဆာကို ခေါ်ယူဖို့ လက်လျှော့ဖွယ်ပါ ရှိနိုင်ပါတယ်။