spot_img

‘ ဒီနိုင်ငံရဲ့ အကောင်းဆုံး ကောင်တာတိုက်စစ် ‘ လို့ အမွှမ်းတင်ရင်း အမှတ်ပေး ဖလားကို စိန်ခေါ်နိုင်ဖို့ ယူနိုက်တက်မှာ ဘာလို နေသေးလဲ ဆိုတာ ပြောပြလိုက်တဲ့ အိုဝင်

အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ မိုက်ကယ် အိုဝင်က မန်ချက်စတာ ယူနိုက်တက် အသင်းကို ဒီ နိုင်ငံ ရဲ့ အကောင်းဆုံး ကောင်တာ တိုက်စစ် ပိုင်ဆိုင် ထားတဲ့ အသင်းလို့ အမွှမ်းတင်ရင်း ဆုဖလား စိန်ခေါ် နိုင်စွမ်း ရှိ ၊ မရှိ ဆိုတဲ့ အပေါ် မှတ်ချက် ပေးခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့တုန်းက ဘရာမောလိန်း ကွင်းထဲမှာ ရှက်ဖီး ယူနိုက်တက် အသင်း နဲ့ ရင်ဆိုင်ခဲ့ ရပြီး နောက်ကနေ လိုက်ကစားရင်း တန်ပြန် တိုက်စစ် ကစားပုံ တွေနဲ့ အတူ သုံးဂိုး ပြန်လည် သွင်းယူ နိုင်ခဲ့ကာ 2 – 3 ဆိုတဲ့ ရလဒ် နဲ့ အဝေးကွင်း နိုင်ပွဲ ပြန်လည် ရယူ သွားနိုင်ခဲ့ ပါတယ် ။

myan789

အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် အသင်း အတွက် သွင်းဂိုး တွေကို တိုက်စစ် ကစားသမား နှစ်ဦး ဖြစ်ကြတဲ့ မာရှယ် ၊ ရပ်ရှ်ဖို့ ( 2 ဂိုး ) တို့က ကိုယ်စီ သွင်းယူ ပေးသွား နိုင်ခဲ့ကြ ပါတယ် ။ အဲ့ဒီ ထဲမှာတော့ လင်ဒီလော့ဖ် အနောက် ကနေ ပေးပို့တဲ့ ဘောလုံးကို သေသပ်စွာ ထိန်းပြီး ဂိုးရယူ ခဲ့တဲ့ ရပ်ရှ်ဖို့ ရဲ့ ကောင်တာ တိုက်စစ် ကစားပုံက ထူးကဲခဲ့ရ ပါတယ် ။

အခြား တစ်ဖက် မှာတော့ တော့တင်ဟမ် ဟော့ စပါး အသင်းကို 6 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ခဲ့စဉ် တုန်းက ယူနိုက်တက် တိုက်စစ်မှာ ပါဝင်ခွင့် ရရှိခဲ့ ကြတဲ့ မာရှယ် ၊ ရပ်ရှ်ဖို့ နဲ့ ဂရင်းဝုဒ် တို့ဟာ ဒီပွဲ ရောက်မှ နောက်တစ်ကြိမ် ပြန်လည် ပူးပေါင်း ပွဲထွက် ကစားခွင့် ပိုင်ဆိုင် သွားနိုင် ခဲ့ကြ ပါတယ် ။

အခုတော့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က လက်ရှိ တိုက်စစ်ကို ထူူးကဲလွန်းတဲ့ ၊ မြန်ဆန်လွန်းတဲ့ တိုက်စစ်လို့ အမွှမ်းတင်ရင်း အမှတ်ပေး ဖလားကို စိန်ခေါ် နိုင်ရေး အတွက် အကောင်းဆုံး ခံစစ် ကစားပုံ တစ်ခုကို ပြသ နိုင်ဖို့ လိုအပ်နေသေးကြောင်း သတိပေး သွားခဲ့လိုက် ပါတယ် ။

” ဒါက လျှို့ဝှက်ချက် တစ်ခု မဟုတ်ပါဘူး ။ သူတို့ တွေဟာ ဒီနိုင်ငံရဲ့ အကောင်းဆုံး ကောင်တာ တိုက်စစ် ပိုင်ဆိုင်ထားတဲ့ အသင်း မဟုတ်ဘူး ဆိုရင်တောင် အကောင်းဆုံးထဲက တစ်ခု ဖြစ်တယ် ဆိုတာကို အားလုံး သိရှိကြ ပါတယ် ။ သူတို့ အခုလို ထိပ်ပိုင်း တက်လှမ်း နိုင်ခဲ့ကြတာ အဲ့တာကြောင့်ပဲလို့ ဆိုရင် မမှားနိုင် ပါဘူး ”

” အကယ်လို့ ခင်ဗျားဟာ တိုက်စစ် ကစားသမားကောင်း 5 ယောက် တို့ကို ပိုင်ဆိုင် ထားမယ် ဆိုရင်… ပေါ့ဂ်ဘာ ၊ ဘရူနို ဖာနန်ဒက်စ် နဲ့ လက်ရှိ တိုက်စစ် ကစားသမား သုံးယောက်ကို ပိုင်ဆိုင် ထားနိုင်မယ်ဆိုရင်… လက်ရှိ ဘောလုံး အားကစား လောကမှာ ဒီထက် ပိုကောင်းတဲ့ တိုက်စစ် အစုအဖွဲ့ များများစားစား မရှိတော့ ပါဘူး ”

” အကယ်လို့ သူတို့ တွေဟာ ခံစစ်ကို အခုထက် ပိုပြီး လုံခြုံအောင် ကစားနိုင် ကြမယ် ၊ ဘောလုံး ပိုင်ဆိုင်မှု ရယူပြီးတောပါ ကစားနိုင် ကြမယ် ဆိုရင် သူတို့ တွေဟာ အမှတ်ပေး ဖလားကို စိန်ခေါ် နိုင်ဖို့ အတွက် မှန်ကန်တဲ့ လမ်းကြောင်း တစ်ခု အပေါ် ရောက်ပြီလို့ ဆိုလို့ ရနိုင် ပါပြီ ”

” အခုလည်း သူတို့ စိန်ခေါ် နိုင်စွမ်း ရှိကြ ပါတယ် ။ ဒီနှစ် အမှတ်ပေး ဖလားကို စိန်ခေါ် နိုင်စွမ်း ရှိတဲ့ အသင်း အချို့ ရှိနေတယ်လို့ ကျွန်တော် တွေးနေ ပါတယ် ။ သူတို့ ဒါကို လုပ်ပြ နိုင်ရေး အတွက်တော့ သူတို့ရဲ့ အကောင်းဆုံး ကစားသမား တွေကို ကွင်းထဲ အမြဲတမ်း ပိုင်ဆိုင် နိုင်ဖို့ လိုအပ်ပါ လိမ့်မယ် ”

” အကယ်လို့ ခင်ဗျားဟာ ပေါ့ဂ်ဘာ၊ ဘရူနို ဖာနန်ဒက်စ် တို့ကို ကွင်းထဲမှာ ပိုင်ဆိုင် နိုင်မယ် ဆိုရင်… သူတို့တွေက ကြီးကျယ် ခမ်းနားတဲ့ ကစားသမား တွေပါ ။ သူတို့တွေသာ အရံခုံ ပေါ်မှာပဲ ရှိနေ ကြမယ် ဆိုရင် ခင်ဗျားဟာ အမှတ်ပေး ဖလား ဆုကို စိန်ခေါ် နိုင်စွမ်း ရှိလာမှာ မဟုတ် ပါဘူး ”

” ခင်ဗျား အနေနဲ့ သန်းပေါင်း များစွာ ရင်းနှီး မြှုပ်နှံထားခဲ့တဲ့ ဒီလို ကစားသမား တွေရဲ့ အရည်အသွေး တွေကို ကွင်းထဲမှာ ထုတ်ယူ နိုင်ဖို့ အတွက် လုပ်ဆောင်ရပါ လိမ့်မယ် ။ သူတို့ကို ပူးတွဲ ကစားစေဖို့ နည်းလမ်း ရှာဖွေ ရပါလိမ့်မယ် ။ အမှတ်ပေးဖလားကို ဆွတ်ခူး နိုင်ဖို့ အတွက် ခင်ဗျား တို့ရဲ့ အကောင်းဆုံး ကစားသမားတွေ ပွဲကစားနေဖို့ လိုအပ်လှ ပါတယ် ”

” ခင်ဗျားဟာ အသင်းထဲကနေ ကစားသမား သုံး ၊ လေးယောက်လောက် ထုတ်လိုက်ပြီး အခြားသူ တွေကို ထည့်သွင်း လိုက်တဲ့ အချိန်မှာ ရုတ်ချည်းပဲ စွမ်းဆောင်ရည်ကောင်းတဲ့ အသင်းမျိးကို ပိုင်ဆိုင် သွားနိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့် ဆိုးလ်ရှား အနေနဲ့ ဘရူနို ၊ ပေါ့လ် ၊ တိုက်စစ် ကစားသမား သုံးယောက် အမြဲတမ်း ပွဲထွက် စေနိုင်ဖို့ နည်းလမ်း ရှာဖွေ ရပါ လိမ့်မယ် ”

” ဒါဟာ တစ်ကယ့်ကို စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ အသင်း တစ်သင်း ဖြစ်ခဲ့ရ ပါတယ် ။ ဒါ့ကြောင့် ဆိုးလ်ရှား အနေနဲ့ သူတို့ တွေကို မကြာခန ပွဲထုတ် ကစားစေဖို့ နည်းလမ်း ရှာဖွေ ရပါလိမ့်မယ် ” လို့ မိုက်ကယ် အိုဝင် က သူ့ရဲ့ အတွေး တွေကို ဖွင့်ဟရင်း ဆိုးလ်ရှား ကို တိုက်တွန်း နှိုးဆော်မှုတွေ လုပ်ဆောင် သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular