spot_img

‘ ဒါက ဘာမှ အကျိုးမရှိပါဘူး ‘ – ရော်နယ်ဒို နဲ့ သူ့ကို မနှိုင်းယှဉ်ဖို့ တုန့်ပြန်လိုက်တဲ့ လူကာကူ

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကမှ ပိတ်သိမ်းသွားခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အသင်းမှာ ပရီးမီးယားလိဂ် အင်အားကြီး အသင်း တချို့ အရမ်း ပြောင်မြောက်တဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်ခဲ့ပြီး ၊ ဒီအထဲမှာ ချဲလ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတွေ ပါဝင်ခဲ့ပါတယ် ။

ချဲလ်ဆီး အသင်း ဟာ သွင်းဂိုးတွေ လိုအပ်နေတဲ့ ၄င်းတို့ရဲ့ တိုက်စစ် အင်အား အတွက် အင်တာမီလန် အသင်းကနေ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ် ။

myan789

အလားတူ မန်ချက်စတာ ယူနိုက်တက် ဟာလည်း ယူဗင်တပ် အသင်း ကနေ ၄င်းတို့ရဲ့ ကစားသမားဟောင်း တဦး ဖြစ်တဲ့ ပေါ်တူဂီ စူပါစတား ခရစ်တီယာနို ရော်နယ်ဒို ကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ အပြောင်းအရွှေ့ စျေးကွက် ပိတ်သိမ်းခါနီး ရက်ပိုင်း အလိုမှာမှ ခေါ်ယူနိုင်ခဲ့ပါတယ် ။

လူကာကူ နဲ့ ရော်နယ်ဒို တို့ဟာ စီးရီးအေ ၂နှစ်ကျော်ကြာ သွင်းဂိုး ပြိုင်ဆိုင်မှု ရှိခဲ့ကြပြီး ၊ ဒီ အတောအတွင်း မှာ ၄င်းတို့ ၂ဦးလုံး ဟာ ဥရောပရဲ့ ပြိုင်ပွဲစုံ ဂိုးသွင်း အများဆုံး ထိပ်တန်း တိုက်စစ်မှူး ၃ဦး စာရင်း ဝင်ခဲ့ပါတယ် ။

လောလောဆယ် international break မှာလည်း ဒီ တိုက်စစ်မှူး ၂ဦးရဲ့ သွင်းဂိုးတွေ မရပ်တန့် သွားခဲ့ခြင်း မရှိပါဘူး ။ လူကာကူ ဟာ ပြီးခဲ့တဲ့ အက်စ်တိုးနီးယား အသင်းကို အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ ကမ္ဘာ့ ဖလား အုပ်စု အဆင့် ခြေစစ်ပွဲမှာ ဘယ်လ်ဂျီယမ် အတွက် ခြေစွမ်းပြကာ ၊ ဂိုး ၂ဂိုး စွမ်းဆောင်ပေးခဲ့ပါတယ် ။

တကျော့ပြန် ရောက်ရှိလာခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် အတွက် တပွဲမှ မကစားပေးရသေးပေမယ့် ၊ ရော်နယ်ဒို ဟာ အိုက်ယာလန် အသင်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ ဖလား အုပ်စု အဆင့် ခြေစစ်ပွဲရဲ့ ပွဲပြီးခါနီး မှာ ပေါ်တူဂီ အတွက် နောက်ကျဂိုး ၂ဂိုး သွင်းယူကာ ၊ လက်ရွေးစင် သမိုင်း တလျှောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ် ။

အသက် ၃၆နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် ၊ ရော်နယ်ဒို က သူ ဆက်လက် စွမ်းဆောင်ပေးနိုင်ဆဲ ဆိုတာ သက်သေပြထားပါတယ် ။ တဖက်မှာ ဘယ်လ်ဂျီ လက်ရွေးစင် သမိုင်း တလျှောက် ဂိုးသွင်း အများဆုံး ဖြစ်တဲ့ လူကာကူ ကို ရော်နယ်ဒိုနဲ့ ခိုင်းနှိုင်း သမုတ်မှုတွေ ရှိနေပေမယ့် ၊ လူကာကူ ကတော့ ဒါမျိုး လုပ်တာ အကျိုးမရှိဘူး လို့ တုန့်ပြန်လိုက်ပါတယ် ။

ဘယ်လ်ဂျီယမ် သတင်းဌာန HLN နဲ့ တွေ့ဆုံခဲ့ရာမှာ လူကာကူ က ” ကျွန်တော့ ကို ဘယ်တော့မှ ခရစ်တီယာနို နဲ့ လာမနှိုင်းကြပါနဲ့ ။ သူဟာ ကျွန်တော့ အတွက် ဘောလုံး သမိုင်း တလျှောက် အကောင်းဆုံး ကစားသမား ၃ဦးထဲက တယောက်ပါပဲ ။ သူ့ကို အဆင့် ၁ ၊ ၂ ၊ ၃ မှာ ဘယ်အဆင့် သတ်မှတ်ထားတယ် ဆိုတာကိုတော့ မပြောလိုပါဘူး ။ ဒါပေမယ့် သူ အဲဒီ စာရင်းမှာ ပါဝင်ပါတယ် ။ ”

” အခု လက်ရှိ မျိုးဆက် အတွက် သူ စွမ်းဆောင်ခဲ့တဲ့ တဦးချင်းနဲ့ အသင်းလိုက် အောင်မြင်မှု အရေအတွက် တွေက ဘယ်လိုမှ တုနှိုင်းမရပါဘူး ။ အီတလီမှာ ကျွန်တော် သူ့ကို ပြိုင်ဖက် အနေနဲ့ ရင်ဆိုင်ခဲ့ရတာတောင် ကံကောင်းတယ်လို့ ကျွန်တော် ယူဆထားတာပါ ။ ”

” အခုတော့ သူ ပရီးမီးယားလိဂ် ကို ပြန်ပြောင်းလာပါပြီ ။ ဒါဟာ အင်္ဂလိပ် ဘောလုံး လောက အတွက် ကောင်းကျိုးတွေပဲ ဖြစ်လာစေမှာပါ ။ ကျန်တာတွေ ပြောရရင်တော့ ၊ ဒီ အချက်အလက်တွေ ၊ ဘာညာ သရကာ … မနှိုင်းကြပါနဲ့ ။ ဘာအကျိုးမှ မရှိပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular