spot_img

ဒဏ်ရာမှအမြန်ဆုံးသက်သာလာရန် မိုဒရစ်မျှော်လင့်နေ

ရီးယဲလ်မက်ဒရစ်အသင်း၏ ခရိုအေးရှားဝါရင့်ကွင်းလယ်လူ မိုဒရစ် (၃၇ နှစ်)သည် လာမည့်မေလအစောပိုင်းတွင် ယှဉ်ပြိုင်ကစားမည့် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲနှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပထမအကျော့)ပွဲစဉ်များအမီ ဒဏ်ရာမှပြန်လည်သက်သာလာရန် မျှော်လင့်နေကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။

မိုဒရစ်သည် ဧပြီ (၂၆) ရက်နေ့က ယှဉ်ပြိုင်ခဲ့သော ဟီရိုနာ (၄-၂) ရီးယဲလ်မက်ဒရစ်ပွဲစဉ်တွင် ပေါင်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ယင်းဒဏ်ရာကြောင့် ဧပြီ (၃၀)ရက်နေ့က ယှဉ်ပြိုင်ခဲ့သည့် အယ်မယ်ရီယာနှင့် လာလီဂါပွဲစဉ်အား လွဲချော်ခဲ့သည်။

myan789

မိုဒရစ်အနေဖြင့် ဒဏ်ရာကြောင့် မေ (၃)ရက်နေ့တွင်ကစားမည့် ဆိုစီဒက်နှင့် လာလီဂါပွဲစဉ်အားလွဲချော်မည်ဖြစ်သလို အနည်းဆုံးရက်သတ္တပတ်တစ်ခု ခန့်အနားယူရမည်ဖြစ်သောကြောင့် မေ (၇)ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် အိုဆူဆာနာနှင့် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကိုလည်း လွဲချော်ဖွယ်ရှိနေသည်။

မိုဒရစ်အနေဖြင်မူ အသင်း၏အရေးကြီးပွဲစဉ် (၂)ပွဲဖြစ်သည့် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲနှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပ-ကျော့)ပွဲစဉ်များအမီပြန်လည်သက်သာစေရန် မျှော်လင့်နေပြီး ဒဏ်ရာမှအမြန်ဆုံးပြန်လည်သက်သာစေရန် ကြိုးစားလျက်ရှိနေကြောင်းသိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular