spot_img

ဒဏ်ရာပြဿနာများကြောင့်သာ ခြေစွမ်းမပြနိုင်ခဲ့ဖြစ်ပြီး သူ၏တန်ဖိုးကို သက်သေပြသွားမည်ဟု ဟာဇက် ပြောကြား

ရီးယဲလ်မက်ဒရစ်အသင်း၏ ထိပ်တန်းပြောင်းရွှေ့ကြေးရှင်ကစားသမားတစ်ဦးဖြစ်သည့် အေဒင်ဟာဇက်က သူသည် ပြီးခဲ့သည့် (၂)ရာသီစလုံး ဒဏ်ရာပြဿနာများနှင့် ရုန်း ကန်ခဲ့ရသဖြင့် ခြေစွမ်းမပြနိုင်ခြင်းဖြစ်ကြောင်းနှင့် သူ၏တန်ဖိုးကို သက်သေ ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် စီရော်နယ်လ်ဒို၏နေရာတွင် အစားထိုးရန်အတွက် ဟာဇက်ကို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယူရို သန်း (၁၀၀) ပေးကာ ခေါ်ယူခဲ့သလို၊ အသင်း၏ ထိပ်တန်းလစာငွေကိုလည်း ပေးချေထားသည်။

myan789

သို့ရာတွင် ဟာဇက်သည် ချယ်လ်ဆီးအသင်းတွင်ပြသခဲ့သည့် ခြေစွမ်းမျိုး မပြနိုင်သည့်အပြင် ဒဏ်ရာပြဿနာများကြောင့် အသင်း၏ပွဲစဉ်များစွာကို လွဲချော်ခဲ့သူလည်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းကိုယ်တိုင်က ၎င်းင်းကို ပြန်လည်ရောင်းထုတ် ရန်စီစဉ်နေပြီး ဂျူဗင်တပ်စ်အသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားခဲ့သည်။

သို့ရာတွင် ရီးယဲလ်မက်ဒရစ်အသင်းက ဘာပေကိုခေါ်ယူရန် ကြိုးစားမှုကိစ္စ အဆင်မပြေခဲ့သဖြင့် ဟာဇက်သည် အသင်းတွင် ဆက်ရှိနေခဲ့ခြင်းလည်း ဖြစ်သည်။

ဟာဇက်ကမူ “ကျွန်တော် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်ထားတာ (၅)နှစ်ပါ။ ပထမ (၂)ရာသီက ရာသီကောင်းတွေ မဟုတ်ခဲ့ပါဘူး။ ဒဏ်ရာပြဿနာတွေက ကျွန်တော့်ကို ဒုက္ခပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ တန်ဖိုးကိုသက်သေပြဖို့ အချိန်(၃)နှစ် ကျန်ပါသေးတယ်။ ကျွန်တော် အလုပ် ကောင်းကောင်းလုပ်နိုင်ဖို့ မျှော်လင့်ပါ တယ်။ ရီးယဲလ်က ကျွန်တော့်အတွက် ငွေအများကြီးသုံးထားပြီး ကျွန်တော် ပြန်ပေးဆပ်သွားပါမယ်”ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular