spot_img

ဒဏ်ရာပြဿနာကြောင့် မော်ရိုကိုအသင်းလူစာရင်းမှ ထုတ်ပယ်ခံထားရတဲ့ မာဇရာဝီ

မန်ချက်စတာယူနိုက်တက်ညာနောက်ခံလူ မာဇရာဝီဟာ ဒဏ်ရာပြဿနာကြောင့် မော်ရိုကိုလက်ရွေးစင်အသင်းလူစာရင်းမှ ထုတ်ပယ်ခံထားရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နွေရာသီကမှ အိုးလ်ထရက်ဖို့ဒ်သို့ စတင်ရောက်ရှိလာခဲ့တဲ့ မာဇရာဝီဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်ရနေပြီး ပွဲစဉ်တိုင်းလိုလိုမှာ ပါဝင်ကစားခွင့်ရနေပေမယ့် တနင်္ဂနွေနေ့က အက်စတွန်ဗီလာကို ၀-၀ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ ပထမပိုင်းအတွင်း ဒဏ်ရာရခဲ့တာကြောင့် ဗစ်တာလင်ဒီလော့ဖ်နဲ့ လူးစားလဲခံခဲ့ရပါတယ်။

ယခုအခါမှာတော့ အသက်-၂၆ နှစ်အရွယ်ကစားသမာဟာ ဒဏ်ရာပြဿနာကြောင့် မော်ရိုကိုအသင်းရဲလူစာရင်းမှ ချန်လှပ်ခံခဲ့ရပြီး အောက်တိုဘာ ၁၂ နဲ့ ၁၅ ရက်နေ့တွေမှာ ယှဉ်ပြိုင်ကစားသွားမယ့် အသင်းရဲ့ အာဖရိကဖလား ခြေစစ်ပွဲတွေမှာပါဝင်နိုင်တော့မှာမဟုတ်ဘူးလို့သိရပါတယ်။

myan789

အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ ဟယ်ရီမက်ဂွါရီကလည်း ဒဏ်ရာရရှိခဲ့သလို၊ အလီဂျန်ဒရိုဂါနာချိုကလည်း ဒူးဒဏ်ရာကြောင့် အာဂျင်တီးနားရဲ့လူစာရင်းမှာ ရွေးချယ်ခံထားရခြင်းမရှိပါဘူး။ ဒါ့အပြင် ကွင်းလယ်လူ ကိုဘီမိုင်နူးကလည်း ဒဏ်ရာကြောင့် အင်္ဂလန်အသင်းရဲ့လူစာရင်းမှာ ပါဝင်လာခြင်းမရှိဘူးလို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေကြောင့် အသင်းရဲ့ကစားသမားစာရင်းကို စီမံခန့်ခွဲဖို့ အခက်အခဲရှိခဲ့တဲ့ အဲရစ်တန်ဟက်အနေနဲ့ ဒီရာသီမှာလည်း တူညီတဲ့ ပြဿနာမျိုး ထပ်မံရင်ဆိုင်ရဖို့ရှိနေပြီး လန်နီယိုရို၊ မေဆင်မောင့်၊ တိုင်ယဲလ်မာလာစီယာနဲ့ လုခ်ရှောတို့ကလည်း အခုချိန်အထိ ပြန်လည်ကစားနိုင်ခြင်းမရှိသေးပါဘူး။

Mazrawi has reportedly been dropped from Morocco's national team squad due to injury.

ဘိုင်ယန်မြူးနောက်နောက်ခံလူဟောင်း မာဇရာဝီဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၀ ပွဲအထိပါဝင်ကစားထားပြီး ညာနောက်ခံနေရာမှာ ခိုင်ခိုင်မာမာနေရာရနေသူတစ်ယောက်ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ခက်ခဲတဲ့ရာသီစတင်မှုမှာ မာဇရာဝီရဲ့ခြေစွမ်းတည်ငြိမ်မှုက အသင်းရဲ့အနည်းငယ်သော အပြုသဘောဆောင်တဲ့အချက်တွေထဲမှ တစ်ခုဖြစ်ပါတယ်။

လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာတော့ ယူနိုက်တက်ဟာ ၇ ပွဲကစား၊ ရမှတ် ၈ မှတ်နဲ့ အဆင့် ၁၄ နေရာမှာရပ်တည်နေပါတယ်။ လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရန့်ဖို့ဒ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး တန်ဟက်အနေနဲ့ အဆိုပါပွဲစဉ်မှာ မက်ဂွါရီ၊ ဂါနာချို၊ မိုင်နူးနဲ့ မာဇရာဝီတို့ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular