စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းသည် တိုက်စစ်ပိုင်းကို အားဖြည့်နိုင်ရန်အတွက် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်ရှာဖွေရန် စီစဉ်နေ ကြောင်း အီတလီအားကစားသတင်းဌာနဖြစ်သည့် Calciomercato က ဖော်ပြခဲ့သည်။
ဆာဆူအိုလိုနှင့်ပွဲတွင် ဒီဘားလား ဒဏ်ရာရသွားပြီးနောက် ဂျူဗင်တပ်စ်အသင်းက ဈေးကွက်အတွင်းသို့ ဝင်ရောက်ဖွယ်ရှိနေခြင်း ဖြစ်သည်။
အာဂျင်တီးနားလက်ရွေးစင်တိုက် စစ်မှူး ဒီဘားလားသည် ဘယ်ဘက်ဒူးဒဏ်ရာ ကြောင့် ရက်သတ္တပတ် (၃)ပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။
ဒီဘားလားသည် ဆာဆူအိုလိုနှင့်ပွဲတွင် အဆိုပါဒဏ်ရာကို ရရှိခဲ့ခြင်းဖြစ်ပြီး ပြန်လည်သက်သာကောင်းမွန်ရန် (၁၅) ရက်မှ ရက် (၂၀) ဝန်းကျင် အချိန်ယူရန် လိုအပ်သည်ဟု ဂျူဗင်တပ်စ်အသင်းဆေးအဖွဲ့က အတည်ပြုခဲ့သည်။
ထို့ကြောင့် ဒီဘားလားသည် အင်တာမီလန်အသင်းနှင့် ယှဉ်ပြိုင်ရမည့် စီးရီးအေအရေးကြီးပွဲစဉ်ကို လွဲချော်ရမည်ဖြစ်သလို၊ ဂျူဗင်တပ်စ်အသင်း၏ ပြိုင်ပွဲစုံ (၅)ပွဲခန့်ကို လွဲချော်ရမည်ဖြစ်ပြီး ဖေဖော်ဝါရီလမှသာ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။
ဂျူဗင်တပ်စ်အသင်းသည် ဒီဘားလား မကြာခဏဒဏ်ရာရနေသည့် အခြေအနေကြောင့် အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန် ပြင်ဆင်လာပြီး ဆာဆူအိုလိုအသင်းမှ အီတလီလူငယ်တိုက်စစ်မှူး ဆကာမာကာကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
ဆကာမာကာသည် လက်ရှိတွင် ဂျီနိုအာအသင်း၌ အငှားကစားနေပြီး ပြိုင်ပွဲစုံ (၆)ဂိုး သွင်းယူထားသည်။