spot_img

တန်ဟက်ထုတ်ပယ်ခံရခြင်းအတွက် တာဝန်ရှိတယ်လို့ခံစားရကြောင်း ပြောကြားလာတဲ့ ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အသင်းရဲ့မန်နေဂျာ အဲရစ်တန်ဟက် ရာထူးမှထုတ်ပယ်ခံလိုက်ခြင်းအတွက် သူ့မှာတာဝန်ရှိတယ်လို့ ခံစားရကြောင်း ဝန်ခံပြောကြားပြီး တောင်းပန်စကားဆိုလာခဲ့ပါတယ်။

တန်ဟက်ဟာ ပြီးခဲ့တဲ့အပတ်က ဝက်စ်ဟမ်းကို ရှုံးနိမ့်ပြီးနောက် ယူနိုက်တက်ကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာအထိကျဆင်းစေခဲ့တာကြောင့် ရာထူးကနေထုတ်ပယ်ခံခဲရတာဖြစ်ပါတယ်။ ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးကို ၁-၁ နဲသရေကျပြီးနောက် ပွဲအပြီးမှာ ဖာနန်ဒက်စ်က တန်ဟက်ကို တောင်းပန်လာခဲ့ပါတယ်။

myan789

ပေါ်တူဂီလက်ရွေးစင်ကစားသမားက “အသင်းကနေမန်နေဂျာတွေထွက်ခွာတာက ဘယ်သူ့အတွက်မှမကောင်းပါဘူး။ အသင်းကလည်းမကောင်း၊ ရလဒ်ကလည်းမကောင်းတဲ့အချိန်မှာ မကောင်းတာတွေအားလုံးအတွက် မန်နေဂျာတစ်ယောက်တည်းက ခေါင်းခံရတာပါ။ ဒါကြောင့် မန်နေဂျာကို ဝေဖန်မှုတွေမလုပ်ခင်မှာ ကစားသမားတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်အပြစ်တင်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ အသင်းရဲ့ကစားပုံကလည်း အရမ်းကောင်းမနေဘူးလေ။ ဒါပေမယ့် မန်နေဂျာတစ်ယောက်ကို ဖယ်ရှားဖို့က အသင်းရဲ့ကစားသမား ၁၅ ယောက်လောက်ကိုဖယ်ရှားဖို့ထက်တော့ ပိုလွယ်ကူတာပေါ့”

Manchester United captain Bruno Fernandes has apologized

“ကျွန်တော်တန်ဟက်ကို တောင်းပန်စကားပြောခဲ့ပြီး သူ့ရဲ့ထွက်ခွာမှုအတွက် စိတ်ပျက်ခဲ့ရပါတယ်။ ကျွန်တော်သူ့ကို တတ်နိုင်သလောက်ကူညီဖို့လည်း ကြိုးစားခဲ့ပါတယ်။ ကျွန်တော်ဂိုးတွေမသွင်းနိုင်သလို၊ အသင်းကနေ ဂိုးသွင်းနိုင်ဖို့ရုန်းကန်ခဲ့ရတာပါ။ ဒီအတွက် ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ခံစားရပါတယ်။ ကျွန်တော်ပုံမှန်ဆို ဂိုးတွေသွင်းနိုင်ပေမယ့် အခုတော့ မသွင်းနိုင်ပါဘူး။ ဒါပေမယ့် အသင်းအတွက် ၁၀၀ ရာခိုင်နှုန်းပေးဆပ်နေပါတယ်။ သူကလည်း ဒါကိုသိပါတယ်” လို့ပြောကြားခဲ့ပါတယ်။

တန်ဟက်ထွက်ခွာပြီးနောက်မှာတော့ ယူနိုက်တက်ဟာ စပို့တင်းနည်းပြ ရူဘင်အာမိုရင်နဲ့ အစားထိုးဖို့ လျင်လျင်မြန်မြန်ပဲ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ကာ ပေါ်တူဂီသားဟာ လာမယ့်နိုဝင်ဘာလ ၂၀ ရက်နေ့မှာပဲ အိုးလ်ထရက်ဖို့ဒ်သို့ စတင်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ချဲလ်ဆီးကို သရေကျပြီး ရမှတ် ၁ မှတ်ရရှိခဲ့တဲ့ ယူနိုက်တက်ဟာ ယခုအခါမှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။

အာမိုရင်ဟာ ယူနိုက်တက်ကို နိုဝင်ဘာလ ၂၄ ရက်နေ့ အစ်ဆွစ်ချ်နဲ့ပွဲစဉ်မှာ စတင်ကိုင်တွယ်သွားမှာဖြစ်ပြီး အဆိုပါပွဲစဉ်မတိုင်မီ လက်ကျန်ပွဲ ၂ ပွဲမှာတော့ ယာယီနည်းပြ ဗန်နစ္စတယ်ရွိုင်းကပဲ ဆက်လက်ဦးဆောင်သွားမှာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular