spot_img

တစ်ပွဲလျော့၊ ငါးမှတ်ဖြတ်ထားသော်လည်း မန်စီးတီး၏အဆင့်မျိုး မရောက်သေးဟု အာတီတာ ဝန်ခံခဲ့ပြီး သုံးဂိုးစလုံး ကိုယ့်အမှားကြောင့် ပေးရခြင်းဖြစ်၍ အမှားကျူးလွန်ခြင်းကို လက်မခံနိုင်ဟု တန်ဟက် ဆို

အာဆင်နယ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် တစ်ပွဲလျော့၊ ငါးမှတ်အသာဖြင့် ဆက်လက်ဦးဆောင်ထားနိုင်သော်လည်း မန်စီးတီးအသင်း၏အဆင့်မျိုး မိမိတို့မရောက်သေးကြောင်း နည်းပြဖြစ်သူ အာတီတာက ဝန်ခံပြောကြားခဲ့သည်။

တနင်္ဂနွေနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ တွင် အာဆင်နယ်အသင်းက အစဉ်အလာပြိုင်ဘက် မန်ယူအသင်းကို အပြန်အလှန်သွင်းဂိုးများနှင့်အတူ အိမ်ကွင်း၌ (၃-၂) ဂိုးဖြင့် အနိုင်ရခဲ့သည်။

myan789

အာဆင်နယ်အသင်းအနေဖြင့် ယင်းပွဲရလဒ်ကြောင့် ၁၉ ပွဲကစား၊ ၁၆ ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ ရမှတ် ၅၀ ဖြင့် ဒုတိယနေရာမှ ချန်ပီယံ မန်စီးတီးအသင်းကို တစ်ပွဲလျော့၊ ငါးမှတ်အသာရထားဆဲဖြစ်သည်။

သို့သော် အာတီတာက ”ကျွန်တော့်အသင်းက တော်တော်လေးကောင်းတာကို သိပါတယ်။ ကျွန်တော်တို့ ဘယ်နေရာမှာရှိနေတယ်ဆိုတာ၊ ဘာကြောင့် ဒီနေရာမှာရှိနေတာလဲဆိုတာနဲ့ ဘယ်နေရာမှာရှိချင်တာလဲဆိုတာကို ကျွန်တော်သိပါတယ်။ ကျွန်တော်တို့က အဲဒီဟာနဲ့ ဝေးပါသေးတယ်။ တခြားအသင်းတွေရဲ့အဆင့်ကို ကျွန်တော်သိပါတယ်။ အထူးသဖြင့် တစ်သင်း (မန်စီးတီး) က နောက်ဆုံး ငါးနှစ်၊ ခြောက်နှစ်လောက်မှာ ဗိုလ်စွဲထားတာပါ။ ကျွန်တော်တို့က အဲဒီအဆင့်မျိုးမရောက်သေးပါဘူး။ ကျွန်တော်တို့က ကိုယ်ရထားတဲ့ ရမှတ်တွေနဲ့ ထိုက်တန်ပါတယ်။ ပွဲအများစုမှာ ကျွန်တော်တို့က နိုင်ပွဲရဖို့ လုံလောက်တဲ့ပုံစံ ကစားနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ လက်တွေ့မှာ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်နိုင်တဲ့အရာတွေရှိပါတယ်။ အဲဒါကတော့ ရည်မှန်းချက်ပါ” ဟု ပြောကြားသည်။

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ကမူ သုံးဂိုးစလုံး ကိုယ့်အမှားကြောင့် ပေးခဲ့ရခြင်းဖြစ်ကြောင်းနှင့် အမှားများစွာကျူးလွန်ခြင်းကို လက်မခံနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

”သုံးဂိုးစလုံး ကျွန်တော်တို့ အမှားလုပ်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့က ပိုကောင်းတတ်ပါတယ်။ ဒီလိုမျိုး ဖြစ်လို့မရပါဘူး။ ကျွန်တော်တို့အနေနဲ့ ထိပ်တန်းအဆင့်ကိုရောက်ဖို့ လိုအပ်နေသေးတယ်ဆိုတာ ဒီနေ့တွေ့လိုက်ရပါတယ်။ ပထမနှစ်ဂိုးက ထောင့်ကန်ဘောကနေ စတင်ခဲ့တာဖြစ်ပြီး ထောင့်ကန်ဘောကနေ ဂိုးပေးရတဲ့အထိ ကျွန်တော်တို့ အမှားတွေအများကြီးလုပ်ခဲ့တယ်။ အဲဒီအမှားတွေကနေ သင်ခန်းစာယူရမှာပါ။ ဒီကိစ္စအတွက် ကစားသမားတွေနဲ့ ဆွေးနွေးသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုမျိုး ဖြစ်လို့မရလို့ပါ။ အသင်းကောင်းဆိုတာ အဲဒီလိုအမှားမျိုး မလုပ်ပါဘူး။ အမှားတွေအများကြီး ကျူးလွန်တာက လက်ခံနိုင်စရာ မရှိပါဘူး” ဟု တန်ဟက်က ဆိုသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular